မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားတို့အား ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီတပ်သား ဝန်ခံ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ မအီတံတားနှင့် မအီ-ကျောက်ဖြူ ကားလမ်းမထက်၌ရှိသော ကျောက်ကြီးပေါက်တံတားတို့အား ဖျက်ဆီးခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိထားသည့် မအီမြို့တပ်စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော ခလရ (၃၆)မှ အရာခံဗိုလ် မျိုးခန့်က ဝန်ခံပြောဆိုသည်။ 

ထို့အပြင် တပ်ရင်းမှူး၊ ဒုတိယတပ်ရင်းမှူး၊ ဗိုလ်မှူးတစ်‌ဦးတို့ပါ(၄)ဦးတို့ကို ကျောက်ဖြူဗျူဟာမှူးက ရမ်းဗြဲသို့ စစ်ကူမသွားဘဲ ကျောက်ဖြူသို့ ချီတက်ခဲ့သဖြင့် အမိန့်မနာခံမှုကြောင့် ဖမ်းဆီးခံရကြောင်း သိရသည်။

#TachileikNewsAgency

Video : AA Info Desk