တာချီလိတ်တွင် စည်ပင်သာယာရေး နှင့် ပတ်သက်သည့် ကိစ္စများအားလုံးကို ဖုန်းဖြင့် ဖြစ်စေ၊ Facebook မှ ဖြစ်စေ တိုက်ရိုက် ဆက်သွယ် အသိပေးအကြောင်းကြားနိုင်

တာချီလိတ်တွင် စည်ပင်သာယာရေး နှင့် ပတ်သက်သည့် ကိစ္စများအားလုံးကို ဖုန်းဖြင့် ဖြစ်စေ၊ Facebook မှ ဖြစ်စေ တိုက်ရိုက် ဆက်သွယ် အသိပေးအကြောင်းကြားနိုင်
ဇန်နဝါရီ 16, 2020
By Tachileik News Agency
တာချီလိတ်တွင် စည်ပင်သာယာရေး နှင့် ပတ်သက်သည့် ကိစ္စများအားလုံးကို ဖုန်းဖြင့် ဖြစ်စေ၊ Facebook မှ ဖြစ်စေ တိုက်ရိုက် ဆက်သွယ် အသိပေးအကြောင်းကြားနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်း ကိစ္စရပ်များကို  အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာမှူးတို့ထံ  တိုက်ရိုက်ဆက်သွယ် အသိပေး ပြောကြားနိုင်ပြီး ဌာနပိုင် Facebook စာမျက်နှာ တစ်ဆင့်မှလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

"ကျွန်တော်ဖုန်းကို ဆက်လို့ရတယ်။ အင်ဂျင်နီယာမှူးကိုလည်း ဆက်လို့ရတယ်။ ရုံးဖုန်းကိုဆက်ရင် ကျွန်တော်တို့ကို သတင်းမပို့ရင် ဘာမှမသိရဘူး။ စည်ပင်ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ အကြံပြုစရာရှိရင် တိုက်ရိုက်အကြံပြုနိုင်တယ်။ ကျွန်တော်တို့ဌာနရဲ့ Facebook ( Tachileik Township Development Committee ) အကောင့်ရှိတယ်။ အဲဒီမှာလည်း လာရေးလို့ရတယ်"

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ရှိ ဆန်ဆိုင်းဝန်ထမ်းအိမ်ယာတွင် စည်ပင်သာယာရေးဌာနက ပေးဝေနေသည့် ရေ ပြတ်လပ်နေသည်မှာ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ (၅)ရက်ကျော်အကြာ ရှိနေပြီဖြစ်သော်လည်း တိုက်ရိုက် အသိပေး အကြာင်းကြားလာသည်များ မရှိသည့် အပြင် လက်အောက် ဝန်ထမ်းများကိုလည်း တင်ပြလာခြင်း မရှိသည့်အတွက်  ၎င်းတို့အနေဖြင့် ဇန်နဝါရီလ(၁၆)ရက်နေ့မှသာ သိရှိရခြင်း ဖြစ်သည့်အတွက် တာချီလိတ်မှ ပြည်သူများအနေဖြင့် စည်ပင်က ပေးဝေနေသည့် ရေကိစ္စ နှင့် အမှိုက်ကိစ္စ အပါအဝင် စည်ပင်သာယာရေးလုပ်ငန်းများ နှင့် ပတ်သက်၍ အမှူဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦး၏ ဖုန်း ၀၉ ၂၅၆၄၉၁၅၇၇ နှင့် အင်ဂျင်နီယာမှူး ဦးကျော်မိုးခိုင်၏ဖုန်း ၀၉ ၅၂၁၄၅၄၁ သို့ တိုက်ရိုက် ဖုန်းဆက်ကာ အသိပေးစေလိုကြောင်း အသိပေးထားရှိသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~