ကျောက်မဲမြို့တွင် ကစားကွင်းအတွင်း ဆိုင်ကယ်ခိုးသည့် စုံတွဲအား နာရီပိုင်းအတွင်း ဖမ်းမိ

ကျောက်မဲမြို့တွင် ကစားကွင်းအတွင်း ဆိုင်ကယ်ခိုးသည့် စုံတွဲအား နာရီပိုင်းအတွင်း ဖမ်းမိ
ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ကစားကွင်းအတွင်း ဆိုင်ကယ်ခိုးသည့် စုံတွဲအား နာရီပိုင်းအတွင်း ဖမ်းမိ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ကစားကွင်းတစ်ခုမှ ဆိုင်ကယ်တစ်စီးအားခိုးယူထွက်ပြေးသွားသည့် စုံတွဲတစ်တွဲကို CCTV မှတ်တမ်းများအရ ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ (၂၂)ရက် ည(၆)နာရီဝန်းကျင်က ကျောက်မဲမြို့ ၊ ဇောတိကုန်းရပ်ရှိ ( ဟိန်း )ကစားကွင်း/ စကိတ်ကွင်း တွင် ဇက်သော့ခတ်ပြီး ရပ်ထားသည့် FOLLOW ME 125CC အမျိုးအစားဆိုင်ကယ်တစ်စီး ပျောက်ဆုံးသွားကြောင်း မြို့မရဲတပ်ဖွဲ့ထံသို့ အကြောင်းကြား လာသည့်အတွက် နယ်ထိန်းအဖွဲ့များ နှင့် အသိသက်သေများ ပါဝင်သည့် အဖွဲ့ကလိုက်လံ ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ဆိုင်ကယ် ပျောက်ဆုံးသွားသည့် နေရာနှင့် လမ်းကြောတစ်လျှောက်ရှိ လုံခြုံရေးကင်မရာ CCTV မှတ် တမ်းများမှ အဆိုပါ ဆိုင်ကယ်ကို ခိုးယူသွားသည့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို တွေ့ရှိ မှတ်သား၍ ရဲတပ်ဖွဲ့နှင့် အသိသက်သေများပါသည့်အဖွဲ့ က လိုက်လံရှာဖွေသည့်အခါ အချိန် (၁)နာရီခန့်အတွင်း ကျောက်မဲမြို့အထွက်ရှိ Oriental Highway တိုးဂိတ်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်အား သော့ဖျက်၍ ခိုးယူမောင်းနှင်သွားသူများဖြစ်သည့် အသက် (၂၉)နှစ်အရွယ်  အောင်ထူးခိုင် (ခ) အောင်ခိုင်(ခ)ဘေသား နှင့် အသက် (၂၀)နှစ်အရွယ် ခိုင်သဇင်(ခ) အန်းဂူး တို့ကို ကျောက်မဲမြို့မရဲစခန်း၌ (ပ) ၂၃ / ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~