ကျောက်မဲမြို့တွင် အဓမ္မပြုကျင့်သွားသူကို ရဲတပ်ဖွဲ့က ကင်းပုန်းဝပ်ကာ စောင့်ဖမ်း

ကျောက်မဲမြို့တွင် အဓမ္မပြုကျင့်သွားသူကို ရဲတပ်ဖွဲ့က ကင်းပုန်းဝပ်ကာ စောင့်ဖမ်း
ဇူလိုင် 20, 2020
By Tachileik News Agency

ကျောက်မဲမြို့တွင် အဓမ္မပြုကျင့်သွားသူကို ရဲတပ်ဖွဲ့က ကင်းပုန်းဝပ်ကာ စောင့်ဖမ်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ကာ တိမ်းရှောင်နေသူကို ရဲတပ်ဖွဲ့က ကင်းပုန်းဝပ်ကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်ပိုင်းက ကျောက်မဲမြို့တွင် နေထိုင်သူ အသက်(၂၀)နှစ်ရှိ အမျိုးသမီးသည် မုန့်တိုက်တစ်ခုတွင် အလုပ် လုပ်နေစဉ် အသက်(၂၆)နှစ်အရွယ် သန်းဇင်ဦး ဆိုသူက မုန့်တိုက်သို့ ရောက်ရှိလာပြီး အလုပ်ကိစ္စပြောစရာရှိသည်ဟု ဆိုကာ ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခေါ်ဆောင်သွားရာ ကျောက်မဲမြို့ ကျွဲကုန်းကျေးရွာရှိ စိုက်ပျိုးရေးခြံအတွင်းသို့အရောက်တွင် သူမအား သားမယားအဖြစ် ပြုကျင့်ပြီးနောက် မုန့်တိုက်သို့ ပြန်လည်ပို့ဆောင်ပေးကာ ထွက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ညနေအလုပ်ဆင်းချိန် အလုပ်မှ အိမ်သို့ ပြန်ရောက်ပြီးနောက် ခင်ပွန်းဖြစ်သူအား အဖြစ်အပျက်များကို ပြောပြလိုက်ရာမှ ရဲစခန်းတွင် တိုင်ချက်ဖွင့်ကာ တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

အမှုဖွင့်တိုင်ကြားမှုကြောင့် ကျူးလွန်သူ သန့်ဇင်ဦး ဆိုသူအား လိုက်လံရှာဖွေရာ မတွေ့၍ ရဲတပ်ဖွဲ့က  ကျူးလွန်သူ၏ နေအိမ်ဝန်းကျင်တွင် ကင်းပုန်းဝပ်၍ စောင့်ဖမ်းရာက ဇူလိုင်လ(၁၉)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်တွင် သန့်ဇင်ဦးဆိုသူအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အသက်(၂၆)နှစ်အရွယ် သန်းဇင်ဦး ဆိုသူအား ( ပ) ၆၉/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~