လာအိုနိုင်ငံမှ တာချီလိတ်သို့ ပြန်လည်ရောက်ရှိမည့် မြန်မာနိုင်ငံသား(၁၇၀)ကျော် တာချီလိတ်သို့ လာရန် အသင့်ပြင်ဆင်နေလာအိုနိုင်ငံမှ တာချီလိတ်သို့ ပြန်လည်ရောက်ရှိမည့် မြန်မာနိုင်ငံသား(၁၇၀)ကျော် တာချီလိတ်သို့ လာရန် အသင့်ပြင်ဆင်နေ

လာအိုနိုင်ငံမှ တာချီလိတ်သို့ ပြန်လည်ရောက်ရှိမည့် မြန်မာနိုင်ငံသား(၁၇၀)ကျော် တာချီလိတ်သို့ လာရန် အသင့်ပြင်ဆင်နေလာအိုနိုင်ငံမှ တာချီလိတ်သို့ ပြန်လည်ရောက်ရှိမည့် မြန်မာနိုင်ငံသား(၁၇၀)ကျော် တာချီလိတ်သို့ လာရန် အသင့်ပြင်ဆင်နေ
မေ 8, 2020
By Tachileik News Agency
လာအိုနိုင်ငံမှ တာချီလိတ်သို့ ပြန်လည်ရောက်ရှိမည့် မြန်မာနိုင်ငံသား(၁၇၀)ကျော် တာချီလိတ်သို့ လာရန် အသင့်ပြင်ဆင်နေ 

မြန်မာ - လာအိုနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် လာအိုနိုင်ငံဘက်က နေရပ်ပြန်မည့် မြန်မာနိုင်ငံသား(၁၇၀)ကျော်သည့် ယနေ မေလ(၈)ရက်နေ့ နံနက်ပိုင်းတွင် လာအိုဘက်၌ အသင့်ပြင်ဆင်နေကြသည်ကို တွေ့ရသည်။

နံနက် (၅)နာရီဝန်းကျင်ကတည်းက စုရပ်တွင် စုစည်းထားပြီး ကျန်းမာရေးစစ်ဆေးခြင်း နှင့်အတူ နံနက်စာကျွေးမွေးခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

"ထမင်းလည်းကျွေးပြီးသွားပြီ၊ mask တွေလည်း ဝေပြီးသွားပြီ၊ ကိုယ်အပူချိန်လည်း တိုင်းပြီးသွားပြီ"ဟု လာအိုနိုင်ငံမှ ပြန်လာမည်မြန်မာနိုင်ငံသားများအား ကူညီပေးနေသည့် ကိုဌေးမင်းသိန်းက ပြောသည်။

နံနက်(၇)နာရီကျော်တွင် လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းတွင် တာချီလိတ်ဘက်မှ သွားရောက်ကာ လက်ခံပေးမည်ဖြစ်သည်။

အဆိုပါ နေရပ်ပြန်များကို တာချီလိတ်တွင် quarantine မထားရှိတော့ဘဲ ယာဉ်လိုင်းများဖြင့် နေရပ်အသီးသီးသို့ တခါတည်း ပြန်လွှတ်မည်ဖြစ်ပြီး မိမိတို့ ဒေသရောက်မှသာ quarantine ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~