ပြစ်မှုကျူးလွန်သည့် YBS ယာဉ်မောင်း(၂)ဦးနှင့် ပတ်သက်၍ Facebook တွင် ရေးသားချက်များအရ စုံစမ်းအရေးယူ

ပြစ်မှုကျူးလွန်သည့် YBS ယာဉ်မောင်း(၂)ဦးနှင့် ပတ်သက်၍ Facebook တွင် ရေးသားချက်များအရ စုံစမ်းအရေးယူ
ဇွန် 9, 2020
By Tachileik News Agency

 ပြစ်မှုကျူးလွန်သည့် YBS ယာဉ်မောင်း(၂)ဦးနှင့် ပတ်သက်၍ Facebook တွင် ရေးသားချက်များအရ စုံစမ်းအရေးယူ

ရန်ကုန်မြို့တွင် ခရီးသည်များကို ခြိမ်းခြောက်ပြောဆိုခဲ့သည့် YBS ယာဉ်မောင်းနှင့် ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားသည့် YBS ယာဉ်မောင်းတို့ အကြောင်းကို  facebook တွင် ရေးသားထားသဖြင့် အရေးယူထားပြီဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၉)ရက်နေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

YBS ယာဉ်မောင်းတစ်ဦးက ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များအား ခြိမ်းခြောက်သည့်အကြောင်းနှင့် YBS တစ်စီးက အိမ်စီးယာဉ်ငယ်တစ်စီးကို ဝင်တိုက်မိပြီး ထွက်ပြေးသွားကြောင်း facebook တွင် ရေးသားထားသည့် ပို့စ်နှစ်ခုကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရာ ခရီးသည်များအား အဆင်မပြေစွာ ပြောဆိုဆက်ဆံခဲ့သည့် YBS-3 ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူမှာ ဘုန်းသက်နိုင်နှင့် ယာဉ်တိုက်မှုကျူးလွန်ခဲ့သည့် YBS-21 ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူမှာ မျိုးအောင်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု သိရသည်။

YBS-3 ယာဉ်လိုင်းမှ ယာဉ်မောင်း ဘုန်းသက်နိုင်အား ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဉပဒေ ပုဒ်မ ၁၂၇ အရ ချလံအမှတ် ၀၉၆၀၁ ဖြင့် ချလံဖြတ်အရေးယူထားရှိပြီး တရားစွဲတင်ပို့သွားမည်ဖြစ်ပြီး YBS-21 ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ မျိုးအောင်အား လှိုင်မြို့မရဲစခန်း၊ ယာဉ်(ပ)၂၁/၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့်ထားရှိပြီး တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~