ကျိုင်းတုံမြို့တွင် နိုင်ငံတော် နှင့် ပုဂ္ဂလိက ဓာတ်အားပေးစနစ်နှစ်ခုလုံးအတွက် မီတာခနှုန်းထား တပြေးညီ ကောက်ခံမည်

ကျိုင်းတုံမြို့တွင် နိုင်ငံတော် နှင့် ပုဂ္ဂလိက ဓာတ်အားပေးစနစ်နှစ်ခုလုံးအတွက် မီတာခနှုန်းထား တပြေးညီ ကောက်ခံမည်
ဇွန် 30, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် နိုင်ငံတော် နှင့် ပုဂ္ဂလိက ဓာတ်အားပေးစနစ်နှစ်ခုလုံးအတွက် မီတာခနှုန်းထား တပြေးညီ ကောက်ခံမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နိုင်ငံတော် ဓာတ်အားပေးစနစ်နှင့် ပုဂ္ဂလိက ဓာတ်အားပေးစနစ်တို့ နှစ်ပိုင်းခွဲထားသော်လည်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှစတင်ပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားကို နိုင်ငံတော်ဓာတ်အားပေးစနစ်၏ နှုန်းထားအတိုင်း တပြေးညီကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့မှာ နိုင်ငံတော် ဓာတ်အားပေးစနစ်ကပေးတဲ့အပိုင်းရော၊ ကျိုင်းတုံစွမ်းအင်ကုမ္ပဏီက ရေအားလျှပ်စစ်ပေးတဲ့အပိုင်းရောက ဇွန်လ (၂၇) ရက်နေ့အထိကတော့ အရင်က ပေးရတဲ့ မီတာခနှုန်းထားအတိုင်းဖြစ်ပြီးတော့ (၂၈) ရက်နေ့ကစပြီးတော့ နိုင်ငံတော် ဓာတ်အားစနစ်ရဲ့ မီတာခနှုန်းထားအတိုင်း စပြီးတော့ကောက်တယ်

ဟု ကျိုင်းတုံခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးဇေယျာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် ပုဂ္ဂလိကရေအားလျှပ်စစ်လုပ်ငန်းက ဓာတ်အားပေးဝေနေရာမှ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့မှစတင်ပြီး မဟာဓာတ်အားလိုင်းမှ နိုင်ငံတော်လျှပ်စစ်ဓာတ်အားကို စတင်ဖြန့်ဖြူးပြီဖြစ်ရာ ဓာတ်အားခွဲရုံ (၁)နှင့် (၂) အပိုင်းခွဲ၍ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

မဟာဓာတ်အားလိုင်းမရသေးသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်  ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့တို့ ကို ပုဂ္ဂလိကကုမ္ပဏီများက ရေအားလျှပ်စစ်ဖြင့် ဓာတ်အားပေးနေပြီး ကျိုင်းလပ်၊ တာချီလိတ်တို့ကို လာအိုနှင့် ထိုင်းနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

 ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ မဟာဓာတ်အားလိုင်းကို ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော်ခဲ့ကာ ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံမြို့ကို ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~