ကျိုင်းတုံ - တောင်ကြီး နှင့် ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းများကို COVID-19 ထိန်းချုပ်ရေးအတွက် ပိတ်မည်ဆိုသည်မှာ တကယ်မဟုတ်

ကျိုင်းတုံ - တောင်ကြီး နှင့် ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းများကို COVID-19 ထိန်းချုပ်ရေးအတွက် ပိတ်မည်ဆိုသည်မှာ တကယ်မဟုတ်
မတ် 24, 2020
By Tachileik News Agency
ကျိုင်းတုံ - တောင်ကြီး နှင့် ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းများကို COVID-19 ထိန်းချုပ်ရေးအတွက် ပိတ်မည်ဆိုသည်မှာ တကယ်မဟုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ နှင့် တာချီလိတ်အကြား၊ ကျိုင်းတုံ နှင့် တောင်ကြီးအကြားတွင် လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် လမ်းများပိတ်ထားမည်ဟု ကောလဟာလများထွက်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ပိတ်ပင်ရန်မရှိကြောင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၄)ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

အဲဒါကတော့ အခုချိန်ထိ ကျွန်တော့်ဆီမှာ ညွှန်ကြားချက် မရှိသလို အခုဆိုရင် ကျိုင်းတုံနည်းပညာတက္ကသိုလ်တွေ ပိတ်သွားတဲ့အခါကျတော့ အထူးသဖြင့် နယ်တွေက လာတက်တဲ့သူတွေ သွားဖို့လာဖို့ကိစ္စကို ဒီမနက်မှာ အစည်းအဝေးခေါ်ထားတာရှိတယ်။ သူတို့ သက်ဆိုင်ရာ နေရပ်ဒေသပြန်ဖို့ပေါ့။ အဲဒီလို မြို့တွေကြားပိတ်ပစ်လိုက်ပြီ ကောလဟာလတွေကြောင့် ကို့ယို့ကားယားတွေဖြစ်နေလို့ ဒီကနေ စီစဉ်ပေးဖို့လုပ်နေတယ်။ ဒါပေမဲ့ ကျိုင်းတုံနဲ့ တာချီလိတ်ကြား ပိတ်လိုက်တယ်တို့ ကျိုင်းတုံနဲ့ တောင်ကြီးကြား ပိတ်တယ်တို့တော့ မဟုတ်ပါဘူး

ဟု ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် (COVID 19) အတည်ပြုလူနာ (၂)ဦးကို မတ်လ (၂၃)ရက်နေ့က တွေ့ရသဖြင့် စာမေးပွဲဖြေဆိုနေဆဲ တက္ကသိုလ်များကို ပိတ်ပေးလိုက်ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~