ဒီးေမာ့ဆိုၿမိဳ႕တြင္ မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ကမ္းပါးၿပိဳၿပီး အမ်ဳိးသမီးတစ္ဦး ေရထဲေမ်ာပါကာ ေပ်ာက္ဆံုးေန

ဒီးေမာ့ဆိုၿမိဳ႕တြင္ မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ကမ္းပါးၿပိဳၿပီး အမ်ဳိးသမီးတစ္ဦး ေရထဲေမ်ာပါကာ ေပ်ာက္ဆံုးေန
ဇွန် 14, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၃)ရက္ေန႔က မိုးအဆက္မျပတ္ ရြာသြန္းမႈမ်ားေၾကာင့္ ခူးပရားေက်းရြာရွိ ဘူးကလိန္ေခ်ာင္းမွာ ကမ္းပါးၿပိဳက်ရာက အေခ်ာင္းအနီးတြင္ လယ္လုပ္ေနသည့္ အသက္(၁၈)ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦး ေမ်ာပါ ေပ်ာက္ဆံုးေနေၾကာင္း သိရသည္။

ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ခူးပရားေက်းရြာအုပ္စု၊ ဒန္တိုေက်းရြာေန ေမာင္တာမလာတူး ႏွင့္အတူ ညီမမ်ားျဖစ္ၾကသည့္ မနန္းတု၊ ႏွင့္ မအယ္ခူးေခါတို႔ (၃)ဦးမွာ လယ္ေတာတြင္ အလုပ္ လုပ္ေနစဥ္ လယ္ေတာ အနီးရွိ ဘူးကလိန္ေခ်ာင္းတြင္းမွ သစ္ကိုင္းအား ဆယ္ယူရာ ကမ္းပါးၿပိဳက်မႈႏွင့္အတူ မနန္းတုမွာ ေခ်ာင္းအတြင္းေမ်ာပါကာ ဇြန္လ(၁၄)ရက္ေန႔ ေန႔လယ္ပိုင္းအခ်ိန္အထိ ေပ်ာက္ဆံုးေနသည့္ အတြက္ သက္ဆိုင္ရာမ်ားမွ ကူညီရွာေဖြေရးမ်ား လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။

" နန္​းတုနဲ႔ သူ႔အစ္မ အယ္​ခူ​ေခါက အဲ့​ေခ်ာင္​းထဲက သစ္​ကိုင္​းကို ဆယ္​တာ​ေပါ့ ။ လယ္​ထဲမွာလိုလို႔ျဖစ္​မွာ​။ မိုးကအဆက္​မျပတ္ရြာထား​ေတာ့ ​ေရကလည္​းႀကီး​ေနတယ္​၊ သူ႔အစ္မ ဆယ္​​ေနတာကို သူက သြားဝိုင္​းလုပ္​ရင္​းနဲ႔ ပါသြားတာ ။ ကမ္​းပါးျပိဳရင္​း ႏွစ္​​ေယာက္​လုံး​ေပါ့ ။သူ႔အစ္မက​ေတာ့ မီ တဲ့သစ္​ကိုင္​းကို လွမ္​းဆြဲမိလိုက္​​ေတာ့ အ​ေပၚျပန္​​ေရာက္​တယ္​၊ သူ႔ညီမက က်​ေတာ့ မိုးကာလည္​း ​ဝတ္​ထား​ေတာ့ အ့ဲထဲကို ေရဝင္​တဲ့အ႐ွိန္​နဲ႔ ျမဳပ္​ၿပီးတစ္​ခါတည္​း​ ေမ်ာသြားတာ​၊ ​ေရက​ေတာ္​​ေတာ္​ႀကီးတယ္​။  ကယ္​ဆယ္​​ေရး လုပ္​မယ္​့ အဖြဲ႔​ေတြ​ေတာင္​ျဖတ္လို႔မရဘူး​ ။ ေတာ္​​ေတာ္​ စီးတာ ခုထိ​ေတာ့ ႐ွာ​ေနတုန္​းပဲ"ဟု အဆိုပါ​ေနရာသို႔ သြား​ေရာက္​ခဲ့သည္​့ တာဝန္​႐ွိ ရဲအရာ႐ွိတစ္​ဦးက ေျပာသည္​။

ဇြန္ ၁၃ ရက္ ​ေန႔တြင္​ မိုးအဆက္​မျပတ္ ရြာသြန္​းမႈ့​ေၾကာင္​့ လိုဘာခို-ခူးပရားေက်း႐ြာ ခ်င္းဆက္လမ္းမ်ားတြင္​လည္​း ​ေျမၿပိဳ၍ လမ္​းပိတ္​ဆို႔ျခင္​းမ်ား ျဖစ္​​ေပၚ​ေနၿပီး ဇြန္​လ ၁၄ ရက္​​ေန႔ထိ သက္​ဆိုင္​ရာမ်ားမွ ကူညီကယ္​ဆယ္​​ေရးမ်ား လုပ္​​ေဆာင္​​ေပး​ေနရ​ေၾကာင္​း သိရသည္​။

သတင္း - #ဆန္းၿဖဳိးထြန္း
ဓာတ္ပံု - iprd deemawso


~~~~~~~~⊰❂ unicode ~~~~~~~~

ဒီးမော့ဆိုမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကမ်းပါးပြိုပြီး အမျိုးသမီးတစ်ဦး ရေထဲမျောပါကာ ပျောက်ဆုံးနေ
https://www.tachileik.net/2018/06/DmS.html
*******************

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၈ခုနှစ် ဇွန်လ(၁၃)ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ခူးပရားကျေးရွာရှိ ဘူးကလိန်ချောင်းမှာ ကမ်းပါးပြိုကျရာက အချောင်းအနီးတွင် လယ်လုပ်နေသည့် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး မျောပါ ပျောက်ဆုံးနေကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၊ ခူးပရားကျေးရွာအုပ်စု၊ ဒန်တိုကျေးရွာနေ မောင်တာမလာတူး နှင့်အတူ ညီမများဖြစ်ကြသည့် မနန်းတု၊ နှင့် မအယ်ခူးခေါတို့ (၃)ဦးမှာ လယ်တောတွင် အလုပ် လုပ်နေစဉ် လယ်တော အနီးရှိ ဘူးကလိန်ချောင်းတွင်းမှ သစ်ကိုင်းအား ဆယ်ယူရာ ကမ်းပါးပြိုကျမှုနှင့်အတူ မနန်းတုမှာ ချောင်းအတွင်းမျောပါကာ ဇွန်လ(၁၄)ရက်နေ့ နေ့လယ်ပိုင်းအချိန်အထိ ပျောက်ဆုံးနေသည့် အတွက် သက်ဆိုင်ရာများမှ ကူညီရှာဖွေရေးများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

" နန်​းတုနဲ့ သူ့အစ်မ အယ်​ခူ​ခေါက အဲ့​ချောင်​းထဲက သစ်​ကိုင်​းကို ဆယ်​တာ​ပေါ့။ လယ်​ထဲမှာလိုလို့ဖြစ်​မှာ​။ မိုးကအဆက်​မပြတ်ရွာထား​တော့ ​ရေကလည်​းကြီး​နေတယ်​၊ သူ့အစ်မ ဆယ်​​နေတာကို သူက သွားဝိုင်​းလုပ်​ရင်​းနဲ့ ပါသွားတာ။ ကမ်​းပါးပြိုရင်​း နှစ်​​ယောက်​လုံး​ပေါ့။သူ့အစ်မက​တော့ မီ တဲ့သစ်​ကိုင်​းကို လှမ်​းဆွဲမိလိုက်​​တော့ အ​ပေါ်ပြန်​​ရောက်​တယ်​၊ သူ့ညီမက ကျ​တော့ မိုးကာလည်​း ​ဝတ်​ထား​တော့ အဲ့ထဲကို ရေဝင်​တဲ့အရှိန်​နဲ့ မြုပ်​ပြီးတစ်​ခါတည်​း​ မျောသွားတာ​၊ ​ရေက​တော်​​တော်​ကြီးတယ်​။ ကယ်​ဆယ်​​ရေး လုပ်​မယ်​့ အဖွဲ့​တွေ​တောင်​ဖြတ်လို့မရဘူး​။ တော်​​တော်​ စီးတာ ခုထိ​တော့ ရှာ​နေတုန်​းပဲ"ဟု အဆိုပါ​နေရာသို့ သွား​ရောက်​ခဲ့သည်​့ တာဝန်​ရှိ ရဲအရာရှိတစ်​ဦးက ပြောသည်​။

ဇွန် ၁၃ ရက် ​နေ့တွင်​ မိုးအဆက်​မပြတ် ရွာသွန်​းမှု့​ကြောင်​့ လိုဘာခို-ခူးပရားကျေးရွာ ချင်းဆက်လမ်းများတွင်​လည်​း ​မြပြေို၍ လမ်​းပိတ်​ဆို့ခြင်​းများ ဖြစ်​​ပေါ်​နပြေီး ဇွန်​လ ၁၄ ရက်​​နေ့ထိ သက်​ဆိုင်​ရာများမှ ကူညီကယ်​ဆယ်​​ရေးများ လုပ်​​ဆောင်​​ပေး​နေရ​ကြောင်​း သိရသည်​။

သတင်း - #ဆန်းဖြိုးထွန်း
ဓာတ်ပုံ - iprd deemawso

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~