လားရိႈးၿမိဳ႕တြင္ အရည္အေသြးမျပည့္မီသည့္စက္သံုးဆီမ်ား ေရာင္းခ်သည့္ဆုိင္ (၃)ဆုိင္ကို ပထမအႀကိမ္အျဖစ္ အေရးယူထား

လားရိႈးၿမိဳ႕တြင္ အရည္အေသြးမျပည့္မီသည့္စက္သံုးဆီမ်ား ေရာင္းခ်သည့္ဆုိင္ (၃)ဆုိင္ကို ပထမအႀကိမ္အျဖစ္ အေရးယူထား
ဧပြီ 26, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕မွ လူသံုးမ်ားေသာ စက္သံုးဆီအေရာင္းဆိုင္ႀကီး (၅) ခုမွ စက္သံုးဆီမ်ားကို ဓါတ္ခြဲစမ္းသပ္စစ္ေဆးၿပီးေနာက္ အရည္အေသြးမျပည့္မီသည့္ဆီမ်ား ေရာင္းခ်ေနသည့္ ဆုိင္(၃)ဆုိင္ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၆)ရက္ေန႔က ဒဏ္ေငြေပးေဆာင္ေစၿပီး ပထမအႀကိမ္သတိေပးမႈအျဖစ္ အေရးယူထားေၾကာင္း သိရသည္။
အဆိုပါဆီဆုိင္ (၅)ဆုိင္ကို အခ်ိန္အတြယ္ႏွင့္ အရည္အေသြး ျပည့္မီမႈရွိမရွိကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁)ရက္ေန႔က အဖြဲ႔စံုျဖင့္စစ္ေဆးခဲ့ၿပီး စက္သံုးဆီမ်ားကို နမူနာရယူ၍ သံလ်င္ေရနံခ်က္ဌာနသို႔ ပို႔ေဆာင္ စစ္ေဆးေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆိုင္ (၃) ဆိုင္ရဲ႕ ဓါတ္ဆီ( 92 RON ) နဲ႔ ပရီမီယမ္ဒီဇယ္ဆီေတြက အရည္အေသြးမျပည့္မီဘူးဆိုတာကို စစ္ေဆးတဲ့ဌာနက အေၾကာင္းျပန္လာတယ္။ အဲဒီဆိုင္ေတြကို စက္သံုးဆီတစ္မ်ိဳးစီအတြက္ ေငြက်ပ္ငါးသိန္းစီ ဒဏ္ရိုက္လိုက္တယ္လို႔ သိရတယ္။ အဲဒီလိုပဲ လားရိႈးၿမိဳ႕မွာရွိတဲ့ စက္သံုးဆီဆိုင္ႀကီးေတြကို အဖြဲ႔စံုနဲ႔ ထပ္ၿပီးေတာ့ လိုက္လံစစ္ေဆးသြားဖို႔လည္း ရွိပါတယ္။ ဒဏ္ေငြေဆာင္ရတဲ့ဆိုင္ေတြက အရည္အေသြးမျပည့္မီတဲ့ စက္သံုးဆီေတြကို ဆက္လက္ေရာင္းခ်ေနဦးမယ္ဆိုရင္ အခုထက္ ပိုၿပီးျပင္းထန္တဲ့အေရးယူမႈမ်ိဳး ဆက္လုပ္သြားမယ္လို႔ သိရပါတယ္ " ဟု စက္သံုးဆီဆိုင္မ်ားအား စစ္ေဆးရာတြင္ပါဝင္ခဲ့သည့္ စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး ( လားရိႈး ) မွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဧၿပီလ (၂၆) ရက္ေန႔တြင္ ေျပာသည္။

လားရိႈးၿမိဳ႕ရွိ Lucky 7 ဆိုင္မွ အရည္အေသြးမျပည့္မီဘဲေရာင္းခ်ေနသည့္ ဓါတ္ဆီ 92 RON ႏွင့္ ပရီမီယမ္ဒီဇယ္ အတြက္ တစ္မ်ိဳးလွ်င္ က်ပ္ ငါးသိန္စီျဖင့္ စုစုေပါင္းဒဏ္ေၾကးေငြ က်ပ္ဆယ္သိန္း ၊ ဝင္းခ်ယ္ရီ (၁) စက္သံုးဆီဆိုင္မွ အရည္အေသြးမျပည့္မီဘဲ ေရာင္းခ်ေနသည့္ ဓါတ္ဆီ 95 RON ႏွင့္ ပရီမီယမ္ဒီဇယ္ဆီ အတြက္ တစ္မ်ိဳးလ်ွင္ က်ပ္ ငါးသိန္းစီ စုစုေပါင္း က်ပ္ ဆယ္သိန္းႏွင့္ ရတနာမိုး စက္သံုးဆီဆိုင္မွ အရည္အေသြးမျပည့္မီဘဲ ေရာင္းခ်ေနသည့္ ပရီမီယမ္ဒီဇယ္ဆီအတြက္ က်ပ္ငါးသိန္း တို႔ကို ျမန္မာ့ေရနံထြက္ပစၥည္းေရာင္းဝယ္ေရးလုပ္ငန္း (လားရိႈး) ၏ ဘဏ္စာရင္းအသြင္းေပးသြင္း၍ ဒဏ္ေငြေဆာင္ေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ရွိ စက္သံုးဆီအေရာင္းဆိုင္ႀကီးမ်ားအား စစ္ေဆးသည့္အဖြဲ႕တြင္ ျမန္မာ့ေရနံထြက္ကုန္ပစၥည္း ေရာင္းဝယ္ေရးဌာန၊ စားသံုးသူေရးရာဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရး(ခရိုင္)၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔( ခရိုင္ )၊ လားရိႈးခရိုင္မီးသတ္တပ္ဖြဲ႔၊ လားရိႈးခရိုင္စည္ပင္သာယာေရးဌာန တို႔ပါဝင္သည့္ ပူးေပါင္းအဖဲြ႔က စစ္ေဆးခဲ့ျခင္း ျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု DOCA ( lashio )

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးမြို့တွင် အရည်အသွေးမပြည့်မီသည့်စက်သုံးဆီများ ရောင်းချသည့်ဆိုင် (၃)ဆိုင်ကို ပထမအကြိမ်အဖြစ် အရေးယူထား
***********
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ လူသုံးများသော စက်သုံးဆီအရောင်းဆိုင်ကြီး (၅) ခုမှ စက်သုံးဆီများကို ဓါတ်ခွဲစမ်းသပ်စစ်ဆေးပြီးနောက် အရည်အသွေးမပြည့်မီသည့်ဆီများ ရောင်းချနေသည့် ဆိုင်(၃)ဆိုင်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့က ဒဏ်ငွေပေးဆောင်စေပြီး ပထမအကြိမ်သတိပေးမှုအဖြစ် အရေးယူထားကြောင်း သိရသည်။

အဆိုပါဆီဆိုင် (၅)ဆိုင်ကို အချိန်အတွယ်နှင့် အရည်အသွေး ပြည့်မီမှုရှိမရှိကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့က အဖွဲ့စုံဖြင့်စစ်ဆေးခဲ့ပြီး စက်သုံးဆီများကို နမူနာရယူ၍ သံလျင်ရေနံချက်ဌာနသို့ ပို့ဆောင် စစ်ဆေးစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆိုင် (၃) ဆိုင်ရဲ့ ဓါတ်ဆီ( 92 RON ) နဲ့ ပရီမီယမ်ဒီဇယ်ဆီတွေက အရည်အသွေးမပြည့်မီဘူးဆိုတာကို စစ်ဆေးတဲ့ဌာနက အကြောင်းပြန်လာတယ်။ အဲဒီဆိုင်တွေကို စက်သုံးဆီတစ်မျိုးစီအတွက် ငွေကျပ်ငါးသိန်းစီ ဒဏ်ရိုက်လိုက်တယ်လို့ သိရတယ်။ အဲဒီလိုပဲ လားရှိုးမြို့မှာရှိတဲ့ စက်သုံးဆီဆိုင်ကြီးတွေကို အဖွဲ့စုံနဲ့ ထပ်ပြီးတော့ လိုက်လံစစ်ဆေးသွားဖို့လည်း ရှိပါတယ်။ ဒဏ်ငွေဆောင်ရတဲ့ဆိုင်တွေက အရည်အသွေးမပြည့်မီတဲ့ စက်သုံးဆီတွေကို ဆက်လက်ရောင်းချနေဦးမယ်ဆိုရင် အခုထက် ပိုပြီးပြင်းထန်တဲ့အရေးယူမှုမျိုး ဆက်လုပ်သွားမယ်လို့ သိရပါတယ် " ဟု စက်သုံးဆီဆိုင်များအား စစ်ဆေးရာတွင်ပါဝင်ခဲ့သည့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ( လားရှိုး ) မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၂၆) ရက်နေ့တွင် ပြောသည်။

လားရှိုးမြို့ရှိ Lucky 7 ဆိုင်မှ အရည်အသွေးမပြည့်မီဘဲရောင်းချနေသည့် ဓါတ်ဆီ 92 RON နှင့် ပရီမီယမ်ဒီဇယ် အတွက် တစ်မျိုးလျှင် ကျပ် ငါးသိန်စီဖြင့် စုစုပေါင်းဒဏ်ကြေးငွေ ကျပ်ဆယ်သိန်း ၊ ဝင်းချယ်ရီ (၁) စက်သုံးဆီဆိုင်မှ အရည်အသွေးမပြည့်မီဘဲ ရောင်းချနေသည့် ဓါတ်ဆီ 95 RON နှင့် ပရီမီယမ်ဒီဇယ်ဆီ အတွက် တစ်မျိုးလျှင် ကျပ် ငါးသိန်းစီ စုစုပေါင်း ကျပ် ဆယ်သိန်းနှင့် ရတနာမိုး စက်သုံးဆီဆိုင်မှ အရည်အသွေးမပြည့်မီဘဲ ရောင်းချနေသည့် ပရီမီယမ်ဒီဇယ်ဆီအတွက် ကျပ်ငါးသိန်း တို့ကို မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (လားရှိုး) ၏ ဘဏ်စာရင်းအသွင်းပေးသွင်း၍ ဒဏ်ငွေဆောင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများအား စစ်ဆေးသည့်အဖွဲ့တွင် မြန်မာ့ရေနံထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး(ခရိုင်)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့( ခရိုင် )၊ လားရှိုးခရိုင်မီးသတ်တပ်ဖွဲ့၊ လားရှိုးခရိုင်စည်ပင်သာယာရေးဌာန တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ DOCA ( lashio )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net