မိုင္းဆတ္ၿမိဳ႕၌ ဌာန (၃)ခုပူးေပါင္းဖြင့္လွစ္သည့္ စိုက္ပ်ဳိးေမြးျမဴေရးသင္တန္းသို႔ ေဒသခံ ၆၀ ဦးတက္ေရာက္ေန

မိုင္းဆတ္ၿမိဳ႕၌ ဌာန (၃)ခုပူးေပါင္းဖြင့္လွစ္သည့္ စိုက္ပ်ဳိးေမြးျမဴေရးသင္တန္းသို႔ ေဒသခံ ၆၀ ဦးတက္ေရာက္ေန
ဇူလိုင် 9, 2019
By Tachileik News Agency

အာဖရိကဝက္အျပင္းဖ်ားေရာဂါ ႀကိဳတင္ကာကြယ္ေရးႏွင့္ စိုက္ပ်ဳိးေမြးျမဴေရးနည္းပညာေပးသင္တန္းကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕တြင္ ဌာန(၃)ခု ပူးေပါင္းဖြင့္လွစ္ရာ မယ္နင္ေက်းရြာမွ ေဒသခံ (၆၀)ဦး တက္ေရာက္ေနၾကေၾကာင္း သိရသည္။

အဆိုပါ တစ္ရက္တာ သင္တန္းကို ၿမဳိ႕နယ္ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္စိုက္ပ်ဳိးေရးဌာနႏွင့္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနတို႔ ပူးေပါင္းဖြင့္လွစ္ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၉) ရက္ နံနက္ (၁၀) နာရီက မယ္နင္ေက်းရြာ၊ ဘုန္းေတာ္ႀကီးေက်ာင္းဓမၼာ႐ုံတြင္ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

သင္တန္းတြင္ တိရစၧာန္ထိန္းေက်ာင္းစနစ္ျဖင့္ေမြးျမဴေရး၊ ၿမိဳ႕နယ္တြင္း အျဖစ္မ်ားေသာေရာဂါမ်ားႏွင့္ အာဖရိကဝက္အျပင္းဖ်ားေရာဂါ ႀကိဳတင္ကာကြယ္ေရး၊  စပါးစိုက္ပ်ဳိးရာတြင္  စိုက္ပ်ဳိးေရး နည္းစနစ္အလိုက္ ေဆာင္ရြက္ရမည့္လုပ္ငန္းစဥ္မ်ား၊ အေစ့ထုတ္ေျပာင္းစိုက္ပ်ဳိးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား၊ ေကာ္ဖီစိုက္ပ်ဳိး နည္းစနစ္မ်ား၊ ဆည္ေရေသာက္ေဒသမ်ားတြင္ သုံးသီးသား သီးႏွံစိုက္ပ်ဳိးပါက စိုက္ပ်ဳိးမည့္သီးႏွံ ႏွင့္ စိုက္ပ်ဳိးမည့္အခ်ိန္ကာလအား ႀကိဳတင္ေရးဆဲြေဆာင္ရြက္ရန္အခ်က္မ်ားႏွင့္ ေတာင္ေစာင္းစိုက္ပ်ဳိးနည္းစနစ္ မ်ားကို ပို႔ခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~⊰❂ Unicode Version ~~~~~~~~

အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးနည်းပညာပေးသင်တန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ဌာန(၃)ခု ပူးပေါင်းဖွင့်လှစ်ရာ မယ်နင်ကျေးရွာမှ ဒေသခံ (၆၀)ဦး တက်ရောက်နကြေကြောင်း သိရသည်။

အဆိုပါ တစ်ရက်တာ သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉) ရက် နံနက် (၁၀) နာရီက မယ်နင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တိရစ္ဆာန်ထိန်းကျောင်းစနစ်ဖြင့်မွေးမြူရေး၊ မြို့နယ်တွင်း အဖြစ်များသောရောဂါများနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး၊ စပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေး နည်းစနစ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ကော်ဖီစိုက်ပျိုး နည်းစနစ်များ၊ ဆည်ရေသောက်ဒေသများတွင် သုံးသီးသား သီးနှံစိုက်ပျိုးပါက စိုက်ပျိုးမည့်သီးနှံ နှင့် စိုက်ပျိုးမည့်အချိန်ကာလအား ကြိုတင်ရေးဆွဲဆောင်ရွက်ရန်အချက်များနှင့် တောင်စောင်းစိုက်ပျိုးနည်းစနစ် များကို ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net