AA ၊ TNLA ၊ MNDAA လက္နက္ကိုင္အဖြဲ႔မ်ား၏ တုိက္ခုိက္မႈကို တရုတ္ႏုိင္ငံက ျပတ္ျပတ္သားသားဆန္႔က်င္

AA ၊ TNLA ၊ MNDAA လက္နက္ကိုင္အဖြဲ႔မ်ား၏ တုိက္ခုိက္မႈကို တရုတ္ႏုိင္ငံက ျပတ္ျပတ္သားသားဆန္႔က်င္
သြဂုတ် 19, 2019
By 🌸
AA ၊ TNLA ၊ MNDAA လက္နက္ကိုင္အဖြဲ႔မ်ား၏ တုိက္ခုိက္မႈမ်ားေၾကာင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသ ၿငိမ္းခ်မ္းေရးတည္ၿငိမ္မႈကိုထိခိုက္သျဖင့္ တရုတ္ႏိုင္ငံအေနျဖင့္ ျပတ္ျပတ္သားသား ဆန္႔က်င္ေၾကာင္း တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာ၏ ေျပာေရးဆိုခြင့္ရိွသူက ေျပာၾကားလုိက္သည္။

မန္မာႏိုင္ငံ၏ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ပတ္သက္၍ တရုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ၏ ျပန္လည္ေျဖၾကားျခင္းကို ျမန္မာႏုိင္ငံရိွ တရုတ္သံရံုးက ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၉)ရက္ေန႔တြင္ သတင္းထုတ္ျပန္လာျခင္းျဖစ္သည္။

တရုတ္ႏိုင္ငံသည္ တရုတ္-ျမန္မာ နယ္စပ္ေဒသ၏ တည္ၿငိမ္ၿငိမ္းခ်မ္းေရးကို အလြန္အေလးထားၿပီး ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အစဥ္တစိုက္ေထာက္ခံေၾကာင္းႏွင့္  ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသ၏ အပစ္အခတ္ရပ္စဲေရးအေျခအေနကို ဆက္လက္ထိန္းသိမ္းရန္လိုေၾကာင္း တရုတ္ႏုိင္ငံျခားေရးဝန္ႀကီးဌာ၏ ေျပာေရးဆိုခြင့္ရိွသူက ဆိုသည္။

တရုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ပံုမွန္သတင္းစာရွင္းလင္းပြဲကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၉) ရက္ေန႔တြင္ က်င္းပခဲ့ရာ မၾကာမီရက္ပိုင္းတြင္ AA ၊ TNLA ၊ MNDAA လက္နက္ကိုင္အဖြဲ႔မ်ားသည္ ျမန္မာႏိုင္ငံတပ္မေတာ္ထိန္းခ်ဳပ္ရာေနရာမ်ားကို ဝင္ေရာက္တိုက္ခိုက္သျဖင့္ လူေသေၾကဒဏ္ရာရရွိမႈ ျဖစ္ပြားျခင္းႏွင့္ ပတ္သက္၍ တရုတ္ႏိုင္ငံက မည္ကဲ႔သို႔ ေဝဖန္သံုးသပ္သနည္းႏွင့္ ပတ္သက္ေသာ ေမးျမန္းခ်က္ကို တရုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူက
ျပန္လည္ေျဖၾကားထားျခင္းျဖစ္သည္။

လက္နက္ကိုင္ဝင္ေရာက္ တိုက္ခိုက္မႈေၾကာင့္ လူေသေၾကဒဏ္ရာရရွိေစျခင္းသည္ ျမန္မာႏိုင္ငံ၏ ေျမာက္ပိုင္းေဒသၿငိမ္းခ်မ္းေရးတည္ၿငိမ္မႈကို ထိခိုက္သျဖင့္ တရုတ္ႏိုင္ငံ အေနျဖင့္ ျပတ္ျပတ္သားသား ဆန္႔က်င္ေၾကာင္းေျပာၾကားထားၿပီး တရုတ္ႏိုင္ငံသည္ ျမန္မာႏုိင္ငံေျမာက္ပိုင္းေဒသ၏ အပစ္အခတ္ရပ္စဲေရးအေျခအေနကို ဆက္လက္ထိန္းသိမ္းရန္ အျပဳသေဘာေဆာင္ေသာ အခန္းက႑မွ ဆက္လက္ပါဝင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

Tachileik News Agency
Photo: ျမန္မာႏုိင္ငံဆုိင္ရာတရုတ္သံရံုး

~~~~~~~~⊰❂ Unicode Version ~~~~~~~~
AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသားဆန့်ကျင်
*************
AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးတည်ငြိမ်မှုကိုထိခိုက်သဖြင့် တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

မန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ၏ ပြန်လည်ဖြေကြားခြင်းကို မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တည်ငြိမ်ငြိမ်းချမ်းရေးကို အလွန်အလေးထားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစဉ်တစိုက်ထောက်ခံကြောင်းနှင့်  မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင် ကျင်းပခဲ့ရာ မကြာမီရက်ပိုင်းတွင် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံတပ်မတော်ထိန်းချုပ်ရာနေရာများကို ဝင်ရောက်တိုက်ခိုက်သဖြင့် လူသေကြေဒဏ်ရာရရှိမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မည်ကဲ့သို့ ဝေဖန်သုံးသပ်သနည်းနှင့် ပတ်သက်သော မေးမြန်းချက်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

လက်နက်ကိုင်ဝင်ရောက် တိုက်ခိုက်မှုကြောင့် လူသေကြေဒဏ်ရာရရှိစေခြင်းသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသငြိမ်းချမ်းရေးတည်ငြိမ်မှုကို ထိခိုက်သဖြင့် တရုတ်နိုင်ငံ အနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းပြောကြားထားပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Tachileik News Agency
Photo: မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net