သားအတွက် အနာဂတ် သတို့သမီးအဖြစ် အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်ကို   ဖြားယောင်း ဖမ်းဆီးခေါ်ဆောင်မှုကြောင့် သားအမိ နှစ်ဦး ထောင်ဒဏ် ချမှတ်ခံရ

သားအတွက် အနာဂတ် သတို့သမီးအဖြစ် အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်ကို   ဖြားယောင်း ဖမ်းဆီးခေါ်ဆောင်မှုကြောင့် သားအမိ နှစ်ဦး ထောင်ဒဏ် ချမှတ်ခံရ
By Mr John

 တရုတ်နိုင်ငံ ဂွမ်ဇူးပြည်နယ် Liupanshui မြို့တွင် အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်ကို အနာဂတ် သတိုးသမီးလောင်းအဖြစ် ပြုစုစောင့်ရှောက်ထားရန် ဖြားယောင်းခေါ်ဆောင်မှုနှင့် ပတ်သက်ပြီး သားအမိနှစ်ဦး ထောင်ဒဏ် ချမှတ်ခံရကြောင်း သိရသည်။

Yang ဟု အမည်ရှိသည့် အမျိုးသမီးက ၎င်း၏ အသက်(၂၇)နှစ်အရွယ် သားကြီးအတွက် အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အနာဂတ် သတို့သမီးအဖြစ် ပြုစုစောင့်ရှောက်ထားရန် ဖြားယောင်း‌ ခေါ်ဆောင်ခြင်း ဖြစ်သည်။

 ဖြားယောင်းဖမ်းဆီး ခေါ်ဆောင်ခြင်း မပြုလုပ်မိက အဆိုပါ အမျိုးသမီးသည် မိန်းကလေးငယ်၏ မိသားစုထံ ချဉ်းကပ်ပြီး နည်းအမျိုးမျိုးဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံရသည့်အတွက် နောက်ဆုံးအဆင့်အနေဖြင့် ယခုလို လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

  

တရုတ်ဆိုရှယ်မီဒီယာ‌ပေါ်တွင် ဒေါသတကြီး တုံ့ပြန်မှုများ ရှိလာခဲ့သည့် ပုံမှန်မဟုတ်သော  ယခု အမှုကိစ္စက ကာလရှည်ကြာ ကလေးသတို့သမီးများ ပြဿနာနှင့် မျက်‌မှောက်ခေတ် ဥပဒေနှင့် ရိုးရာဓလေ့ ထုံးတမ်းများကြား ထိပ်တိုက်တွေ့မှုကို မီးမောင်းထိုးပြနေသည်။

 အသက်(၁၁)နှစ်အရွယ် မိန်းကလေးငယ်ကို ၎င်း၏ နေအိမ်တွင် ရှိနေစဉ်မှာပင် သားအမိ နှစ်ဦးက ဖျားယောင်းသွေးဆောင် ဖမ်းဆီးခေါ်ဆောင်သွားကြပြီးနောက် တိမ်းရှောင်နေခြင်း ဖြစ်သည်။

ယင်းသို့ တိမ်းရှောင်ပြီး မကြာမိတွင် မိခင်ဖြစ်သူ Yang ကို ရဲတပ်ဖွဲ့က ဖမ်းမိသွားပြီးနောက်  (၄)ရက်အကြာတွင် သားဖြစ်သူက ရဲစခန်းသို့ ကိုယ်တိုင် လာရောက် အဖမ်းခံသည်ဟု ဆိုသည်။

 

 ယခု အမှုတွင် Yang ကို ထောင်ဒဏ် (၂) နှစ်နှင့် သူအ၏ သားကို ထောက်ဒဏ် (၇) လ ချမှတ်လိုက်သည်။

ယခုလို လုပ်ဆောင်သည့် အမျိုးသမီးကြီးကို ထောင်ဒဏ် (၂)နှစ်၊ သားဖြစ်သူကို ထောင်ဒဏ် (၇)လ ချမှတ်လိုက်ကြောင်း သိရသည်။

တရားရုံးအနေဖြင့် Yang သားအမိ နှစ်ဦးကို သက်သက်ညှာညှာ ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သက်ပြီး ပြစ်ဒဏ်မှာ မလုံလောက်ကြောင်းနှင့် အခြားသူများကို အလားတူ လုပ်ရပ်မျိူး ကျုးလွန်ရဲစေနိုင်ကြောင်း  တရုတ်ဆိုရှယ်မီဒီယာပေါ်တွင် ပြည်သူများ ဒေါသတကြီးဖြစ်ကာ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေသည်။

 

Source: The Thaiger