ချင်းမိုင်တွင် အသက်(၁၄)နှစ်အရွယ် လူငယ်တစ်ဦး နှင့် အတူ စိတ်ကြွရူးသွပ်ဆေးပြား (၅.၆) သန်း ဖမ်းဆီးရမိ

ချင်းမိုင်တွင် အသက်(၁၄)နှစ်အရွယ် လူငယ်တစ်ဦး နှင့် အတူ စိတ်ကြွရူးသွပ်ဆေးပြား (၅.၆) သန်း ဖမ်းဆီးရမိ
By Mr John

 ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးတစ်ခုအတွင်း သံသယရှိသူ (၂) ဦးအနက်   အသက် (၁၄) နှစ်အရွယ် ယောက်ျားလေးတစ်ဦး နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၅)သိန်းခွဲကျော်ကို ဖမ်းဆီးရမိကြောင်း သိရသည်။

 ၂၀၂၄ ခုနှစ် မေလ (၄) ရက်နေ့ နံနက် (၃) နာရီခန့်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စစ်ဆင်ရေးတွင် ချင်းမိုင်ရဲတပ်ဖွဲ့က မက်သာအမ်ဖက်တမင်း (methamphetamine) စိတ်ကြွရူးသွပ်ဆေးပြား (၅.၆) သန်းကို သိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ် ကားတစ်စီးကို တားဆီးစစ်ဆေးစဥ် ကားမောင်းသူက ရပ်မပေးဘဲ မောင်းပြေးခဲ့ရာ လိုက်လံဖမ်းဆီးရာ နောက်ဆုံးတွင် အဆိုပါ ကားမှာ ဓာတ်တိုင်ကို ဝင်တိုက်မိပြီး  ရပ်တန့်သွားခဲ့ပြီး ကားမောင်းသူက ထွက်ပြေးသွားခဲ့သည်။

 ယင်းနောက် ကားအတွင်း ရှာဖွေရာ  ကားပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ အသက် (၁၄) နှစ်အရွယ် ယောက်ျားလေးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ 

ယခုကဲ့သို့ ကြီးမားလှသည့်   မူးယစ်ဆေးဝါး သယ်ဆောင်မှုတွင် အသက်မပြည့်သေးသော ကလေးတစ်ဦး ပါဝင်နေမှုက လူငယ်များကို တရားမဝင် လုပ်ငန်းများတွင် ပါဝင်စေပြီး အမြတ်ထုတ်မှုအပေါ် အာရုံစိုက်စရာ ဖြစ်လာသည်။

အဖမ်းခံရသည့် ဆယ်ကျော်သက် ယောက်ျားလေးကို ထွက်ပြေးသွားသော သံသယရှိသူက မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အဖော်အဖြစ် လိုက်ပါရန် ဘတ် (၂၀,၀၀၀) ပေး၍ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။

 ရဲတပ်ဖွဲ့က လွတ်မြောက်သွားသည့် သံသယရှိသူကို ရှာဖွေရန်နှင့် ယခု မူးယစ်ဆေးဝါး သယ်ဆောင်မှု နောက်ကွယ်မှ ပိုမိကျယ်ပြန့်သည့် အဖွဲ့အစည်းကို ဖော်ထုတ်ရန် ဆက်လက်  စုံစမ်းစစ်ဆေးနေသည်။

Source: The Thaiger

Photo: Sondhitalk, Khaosod