မူဆယ်မြို့တွင် ဒုစရိုက်လုပ်ရပ်များကို ထိရောက်စွာတားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း SSPP ထုတ်ပြန်

မူဆယ်မြို့တွင် ဒုစရိုက်လုပ်ရပ်များကို ထိရောက်စွာတားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း SSPP ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မကောင်းမူဒုစရိုက်လုပ်ရပ်များ နေ့စဉ်ဖြစ်ပေါ်နေသဖြင့် ထိရောက်စွာတားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်တပ်မတော် SSPP/SSA အုပ်ချုပ်ရေးခရိုင်အမှတ်(၉) တပ်မ(၉၈၉) စစ်မြေပြင်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မူဆယ်မြို့တွင် လူမျိုးစုတစ်စုနှင့်တစ်စု အနိုင်ကျင့်ဖိနှိပ်ခြင်း၊ ဂိုဏ်းဖွဲ့၍သော်လည်းကောင်း ခြိမ်းခြောက်ပြန်ပြေးဆွဲခြင်း ၊ နှောက်ယှက်ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း စသည့် မကောင်းမူဒုစရိုက်လုပ်ရပ်များ နေ့စဉ်ဖြစ်ပေါ်နေသဖြင့် တားဆီးနှိမ်နှင်းသွားမည်ဖြစ်ကြောင်း ၂၀၂၄ခုနှစ် ဧပြီလ (၂၈)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ မကောင်းမှုဒုစရိုက်များ ဆက်လက်ပေါ်ပေါက်နေသေးပါက SSPP/SSAမှ လူမျိုးဘာသာမရွေး ထိရောက်စွာ တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency