ကွတ်ခိုင် နမ့်ဖတ်ကာတွင် (၁၄)နှစ်အရွယ် သီလရှင်တစ်ပါးကို အာဏာသိမ်းစစ်ကောင်စီ၏တပ်သားက အဓမ္မပြုကျင့်

ကွတ်ခိုင် နမ့်ဖတ်ကာတွင် (၁၄)နှစ်အရွယ် သီလရှင်တစ်ပါးကို အာဏာသိမ်းစစ်ကောင်စီ၏တပ်သားက အဓမ္မပြုကျင့်
ဇွန် 11, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း နမ့်ဖတ်ကာကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က တပ်စွဲထားသည့် ဘုန်းကြီးကျောင်းရှိ သီလရှင် (၃)ပါးအနက် အသက် (၁၄)နှစ်အရွယ် သီလရှင်တစ်ပါးကို စစ်ကောင်စီတပ်သားက အဓမ္မပြုကျင့်မှုဖြစ်ပွားသည်ဟု ဒေသခံသတင်းရင်းမြစ်ကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာနတွင် ဇွန်လ(၁၁)ရက်နေ့၌ ဖေါ်ပြထားသည်။



ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ခရီးသွားနေချိန်တွင် အဆိုပါအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြင်ပသို့ သတင်းမထွက်စေရန် သီလရှင်ဆရာလေးအား ငွေကျပ် (၅) သိန်းဖြင့် ကျေအေးစေကာ ဇွန်လ (၁၀) ရက်နေ့က လူထွက်ခိုင်းထားသည်ဟု သိရသည်။



လက်နက်ကိုင်တပ်များ အနေဖြင့် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် တပ်စခန်းအဖြစ် အသုံးမပြုရသော်လည်း အာဏာသိမ်းစစ်ကောင်စီ၏တပ်က အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် လွန်ခဲ့သည့် (၁၀) နှစ်နီးပါးကတည်းက တပ်စွဲထားခြင်းဖြစ်သည်ဟု သိရသည်။