ပေါက်မြို့နယ် ရဲစခန်းမှ ရဲတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်

ပေါက်မြို့နယ် ရဲစခန်းမှ ရဲတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်

မကွေးတိုင်း ပေါက်မြို့နယ် ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား စည်သူဗိုလ်သည် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာကြောင်း ပခုက္ကူခရိုင် အမှတ်(၃)တပ်ရင်းက ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းသည် ပခုက္ကူခရိုင် အမှတ်(၃)တပ်ရင်းအား ဆက်သွယ်ကာ BA 94 တစ်လက်၊ ကျည်အိမ် (၂)ခု၊ ၉ မမ ကျည် (၃၀)တောင့်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူခရိုင် အမှတ်(၃)တပ်ရင်းက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဂုဏ်ပြုငွေ သိန်း(၃၀)ကျပ်အား ပေးအပ်ကာ လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏လက်အောက်တွင် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အမြန်ဆုံးပူးပေါင်းကြရန်နှင့် ပခုက္ကူခရိုင် အမှတ်(၃)တပ်ရင်းမှ အမြဲကြိုဆိုနေကြောင်း အသိပေး ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်တပ်ရင်း ၃