စစ်ရေးမတည်မငြိမ်ဖြစ်နေသည့် နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီတွင်ကုန်ဈေးနှုန်းများမြင့်တက်

စစ်ရေးမတည်မငြိမ်ဖြစ်နေသည့် နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီတွင်ကုန်ဈေးနှုန်းများမြင့်တက်

စစ်ရေးမတည်မငြိမ်ဖြစ်နေသည့် နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီတွင် ကုန်ဈေးနူန်းများမြင့်တက်နေကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။

“မနေ့က အစ်မဈေးသွားတာ အရင်က ငါးတစ်ပိသာကို တစ်သောင်းရှစ်ထောင်ပဲရှိတယ်၊ အခု နှစ်သောင်းခွဲပေးရတယ် ။ ကြက်သားဆို တစ်ကီလို အရင်က ရှစ်ထောင်ကနေ အခု တစ်သောင်းနှစ်ထောင်ပေးရတယ် ။ ငရုတ်သီးဆို အရင်က တစ်ပိသာမှ ခြောက်ထောင် အခုတစ်ကီလို (၆၅ ကျပ်သား)ကို ရှစ်ထောင်လောက်ပေးရတယ် ။”ဟု မြဝတီဒေသခံ အမျိုးသမီးတစ်ဦးမှ Tachileik News Agency သို့ပြောသည်။

ယခင်က တံတားထိပ်တွင် ကုန်စိမ်းများရောင်းချသည့် ညဈေးရှိခဲ့ပြီး ၊ စစ်ရေးမတည်မငြိမ်ဖြစ်ပြီးနောက် လက်ရှိအချိန်အထိ တစ်ဆိုင်မှ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ကြောင်း အဆိုပါဒေသခံထံမှသိရသည်။

“ကုန်စည်က မြို့ထဲမှာ လက်ကျန်တွေထုတ်ရောင်းနေတာလို့ပဲကြားတယ်၊ တချို့တွေက အသစ်ထပ်မဖြည့်တော့ဘူး။ ရှိတဲ့ကုန်တွေကပဲ ဈေးနှစ်ဆလောက်တက်ကုန်တာ”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မြဝတီမြို့တစ်ဝိုက်မှ ပြန်လည်ဆုတ်ခွာထားကာ မြဝတီမြို့ကို BGF အသွင်ပြောင်း ဗိုလ်စောချစ်သူ ဦးဆောင်သည့် KNAတပ်ဖွဲ့မှ လုံခြုံရေးယူထားသည်။ 

ခလရ ၂၇၅ မှ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့တချို့လည်း KNA အကူအညီဖြင့် မြို့ထဲတွင် လှုပ်ရှားသွားလာမှုများ ရှိနေကြောင်း သိရသည်။

#TachileikNewsAgency