နောင်ချိုမြို့နယ်အတွင်း မန္တလေးPDFနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့်ကျေးရွာဘုန်းကြီးကျောင်းများသို့ ပစ်မှတ်ထားတိုက်ခိုက် 

နောင်ချိုမြို့နယ်အတွင်း မန္တလေးPDFနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့်ကျေးရွာဘုန်းကြီးကျောင်းများသို့ ပစ်မှတ်ထားတိုက်ခိုက် 

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်များတွင် တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီမှ ကျေးရွာဘုန်းကြီးကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ဧပြီလ (၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်မှ သရက်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ (၃)ကြိမ် ၊ ဇာလီကျေးရွာ ဘုန်းကြီးကျောင်းသို့ (၂)ကြိမ် နှင့် ပါဟပ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ (၂)ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ဧပြီလ (၁၄)ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ DSAကျောင်းအား ရှော့တိုက်ဒုံး အလုံး (၂၀)ဖြင့် ပစ်ခတ်တိုက်ခဲ့ပြီး၊ ဧပြီလ (၁၅)ရက်နေ့ တွင် နောင်ချိုမြို့နယ်အနီး  သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သိမ်းပိုက်ထားသည့် သရက်ကုန်းကျေးရွာဝန်းကျင်ကို လေကြောင်းဖြင့်တိုက်ခိုက်နေခြင်းဖြစ်ပြီး ၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် မည်သည့်ရည်ရွယ်ချက်ကြောင့် ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားနေသည်ကိုမသိကြောင်း မန္တလေးPDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency