မင်္ဂလာဒုံမြို့နယ်တွင် ဆီတန်းစီနေသည့် ယာဥ်ကိုဝင်တိုက်ရာက ကား(၄)စီး ဆင့်တိုက်မှုဖြစ်ပြီး ၃ ဦးသေ ၂ ဦးဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ်တွင် ဆီတန်းစီနေသည့် ယာဥ်ကိုဝင်တိုက်ရာက ကား(၄)စီး ဆင့်တိုက်မှုဖြစ်ပြီး ၃ ဦးသေ ၂ ဦးဒဏ်ရာရ
အောက်တိုဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ နံနက်ပိုင်းက ဆီတန်းစီနေသည့်ကားကို အထည်ချုပ်စက်ရုံ ကြို၊ပို့ကားက ဝင်တိုက်ရာက ကား(၄)စီး ဆင့်တိုက်မှုဖြစ်ပွားရာ (၃)ဦးသေဆုံးခဲ့ရပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ ပုလဲ(၂)ရပ်ကွက်၊ အမှတ်(၃) လမ်းဆုံအနီးရှိ PT Power ဆီဆိုင်တွင် ဆီထည့်ရန် ရပ်ထားသည့်  လိုက်ထရပ်ယာဉ်ကို အထည်ချုပ်စက်ရုံဝန်ထမ်း ကြို၊ပို့ယာဉ်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ရွှေမန္တလာခရီးသည်တင်ယာဉ်ကလည်း ထပ်မံဝင်တိုက်ခဲ့သည့်အပြင် အမှတ်(၃)လမ်းဘက်က မောင်းနှင်လာသည့် တက္ကစီယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး(၅)ဦးအနက် အမျိုးသမီး(၃)ဦး သေဆုံးပြီး အမျိုးသမီး(၂)ဦး ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency