မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် လဖက်ရည်ဆိုင်သို့ကျကာ အရပ်သား ၄ ဦးသေ ၈ ဦးဒဏ်ရာရ

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် လဖက်ရည်ဆိုင်သို့ကျကာ အရပ်သား ၄ ဦးသေ ၈ ဦးဒဏ်ရာရ
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည် လဖက်ရည်ဆိုင်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား (၄)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာမြို့ ညောင်ပင်သာဂိတ်မှ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်လိုက်သော (၈၁)မမ လက်နက်ကြီး (၂)လုံးမှာ ထနောင်းတော‌(တောင်)ရွာရှိ လက်ဖက်ရည်ဆိုင်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အရပ်သား အမျိုးသား(၄)ဦး သေဆုံးကာ (၈)ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ထနောင်းတော(မြောက်)ရွာကိုလည်း မအူစစ်ဆေးရေးဂိတ်မှ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးသူရှိနေသည်ဟု မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။

#TachileikNewsAgency