အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်းမစားစစ်ဆေးရေးဂိတ်ကို ဗုံးသီးအလုံး ၄၀ ချတိုက်ခိုက်

အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်းမစားစစ်ဆေးရေးဂိတ်ကို ဗုံးသီးအလုံး ၄၀ ချတိုက်ခိုက်

တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ထမင်းမစားစစ်ဆေးရေးဂိတ်တို့ကို ၂၀၂၄ခုနှစ် ဧပြီလ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဒရုန်းဖြင့် ဗုံးသီး အလုံး (၄၀)ကျော်ချ တိုက်ခိုက်ခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)ထံမှ သိရသည်။

ပုလောမြို့နယ်၊ ပုလောက်မြို့ခွဲ၊ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းသည် လက်ရှိစစ်မှုထမ်းဥပဒေအရ တနင်္သာရီတိုင်းအတွင်းရှိ တပ်သားသစ်များကို စုဆောင်းပြီး စစ်သင်တန်းပေးနေသည့်နေရာဖြစ်သည်ဟု ဆိုသည်။ 

တိုက်ခိုက်ခံရပြီးနောက် အမှတ် (၁၂)တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်ကောင်စီတပ်သားများနှင့်  ထမင်းမစားစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိသည်ဟု ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၁၆)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ စစ်တပ်၏ ယာဉ်တန်းနောက်ကပ်မလိုက်ရန်၊ ဗုံးခိုကျင်းများတူးထားရန်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency