စစ်ကောင်စီတပ်ဖွဲ့မှ တပ်ထောက်ဗိုလ်ကြီးတစ်ဦးကို ဖမ်းမိထား

စစ်ကောင်စီတပ်ဖွဲ့မှ တပ်ထောက်ဗိုလ်ကြီးတစ်ဦးကို ဖမ်းမိထား

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ ဗိုလ်ကြီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးရဲမင်းထွန်းအား အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာစဉ် မသင်္ကာ၍ စစ်ဆေးရာက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၄င်းဗိုလ်ကြီး၏ မိခင်တပ်ရင်းမှာ အမှတ် (၂၀၇)ခြေမြန်တပ်ရင်းမှဖြစ်ပြီး လက်ရှိတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃၅၀)ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗိုလ်ကြီးသည် မိထ္ထိလာမြို့နယ်ဇာတိဖြစ်ပြီး အဖ ဦးမျိုးဝင်းထွန်းနှင့် အမိ ဒေါ်အေးအေးခိုင်တို့၏ သားဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency