သိန္ဒောစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

Photo: မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁
Photo: မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁
သိန္ဒောစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

 တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် သိန္ဒောစခန်းမှ စစ်ကောင်စီတပ် သားတစ်ဦး မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။

တနင်္သာရီမြို့နယ် သိန္ဒောရွာစခန်းမှ စစ်ကောင်စီတပ်သားသည် ၂၀၂၄ခုနှစ် မတ်လ(၂၅)ရက်နေ့က MA1 တစ်လက်၊ ကျည်ဘောက်(၄)ခု၊ကျည်(၅၄၀)တောင့်၊ လက်ပစ်ဗုံး(၂)လုံး၊ အီနာဂါ(၂)လုံးဖြင့် အလင်းဝင်လာခြင်း ဖြစ်သည်။ 

လက်ရှိတွင် ၎င်းကို လုံခြုံသည့်နေရာ၌ ကောင်းမွန်စွာထားရှိပြီး နိုင်ငံ့ဝန်ထမ်း(CDM) မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်‌ကြောင်း(၁)သည် မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၁)၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF)နှင့် မြိတ်မြို့နယ် (ပကဖ) တို့ပါဝင်ကြောင်း သိရသည်။