မိုးကုတ်မြို့ ရွှေဂူရပ်ကွက်တွင် ကျောက်ကမ်းပါးယံ ပြိုကျမှုကြောင့် ပိတ်မိနေသူ (၂)ဦးအနက် (၁)ဦးကိုသာ ကယ်ဆယ်နိုင်သေး

မိုးကုတ်မြို့ ရွှေဂူရပ်ကွက်တွင် ကျောက်ကမ်းပါးယံ ပြိုကျမှုကြောင့် ပိတ်မိနေသူ (၂)ဦးအနက် (၁)ဦးကိုသာ ကယ်ဆယ်နိုင်သေး
နိုဝင်ဘာ 2, 2021 | အခြားဒေသများ

 မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ရွှေဂူရပ်ကွက်၊ ရွာသစ်ရပ်တွင် ကျောက်ကမ်းပါးယံ ပြိုကျမှုဖြစ်ပွားရာမှ ပိတ်မှုနေသူ (၂)ဦးအနက် (၁)ဦးကိုသာ ရှာဖွေကယ်ဆယ်နိုင်သေးကြောင်း သိရသည်။

 မိုးကုတ်မြို့နယ်၊ ရွှေဂူရပ်ကွက်၊ ရွာသစ်ရပ်တွင်  ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်အချိန်က နေအိမ်(၂)လုံးပေါ်သို့  ကျောက်ကမ်းပါးယံ ပြိုကျမှုဖြစ်ပွားရာမှ မောင်နှမ(၂)ဦး ပိတ်မိနေရာ အမျိုးသမီး(၁)ဦးကို နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က အသက်ရှင်လျက်ဖြင့် ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်တွင် ညလုံးပေါက် မိုးရွာသွန်းမှုများ နှင့် ရေကြီးရေလျှံမှုများကြောင့် မြေပြိုခြင်း နှင့် ကျောက်ကမ်းပါးပြိုကျမှုများ ဖြစ်လေ့ရှိပြီး ပြီးခဲ့သည့် ဩဂုတ်လအတွင်းလည်း မိသားစုအလိုက် သေဆုံးမှုအထိ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo: MFSD , CJ