စစ်ကိုင်းရှိကျေးရွာများသို့ ကျောင်းသားလက်ရုံးတပ်တော်က သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းရှိကျေးရွာများသို့ ကျောင်းသားလက်ရုံးတပ်တော်က သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်းရှိ ကျေးရွာအချို့ကို ကျောင်းသားလက်ရုံးတပ်တော်၊ ဆေးဌာနကြီးမှ ရဲဘော်များက ၂၀၂၄ ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်-SAF အနေဖြင့် အခြေစိုက်ရာစစ်ဒေသများရှိ ပြည်သူလုထုအား ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆေးခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကိုလည်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: Student Armed Force - ကျောင်းသားလက်ရုံးတပ်တော်