အာဏာသိမ်းအဖွဲ့က နယ်စပ်မှ ဆိုင်ကယ်တင်သွင်းမှု ပိတ်လိုက်ပြီးနောက် ကျောက်မဲမြို့အဝင် လိုင်စင်မဲ့ ဆိုင်ကယ် စဖမ်း

အာဏာသိမ်းအဖွဲ့က နယ်စပ်မှ ဆိုင်ကယ်တင်သွင်းမှု ပိတ်လိုက်ပြီးနောက် ကျောက်မဲမြို့အဝင် လိုင်စင်မဲ့ ဆိုင်ကယ် စဖမ်း

 ဆိုင်ကယ်များ နယ်စပ်မှတင်သွင်းမှုကို ကန့်သတ်သည့် အာဏာသိမ်းအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့အဝင်တွင် ဌာနပေါင်းစုံအဖွဲ့ဖြင့် စစ်ဆေးရာ ၂၀၂၁ ခုနှစ်၊ မေလ (၈) ရက်နေ့ ညပိုင်းက မော်တော်ယာဉ်တစ်စီးဖြင့် တင်လာသည့် လိုင်စင်မဲ့ဆိုင်ကယ် (၂) စီးကို ဖမ်းဆီးထားသည်ဟု သိရသည်။



လိုင်စင်မဲ့ဆိုင်ကယ် (၂)စီး သယ်ဆောင်မှုဖြင့် ယာဉ်မောင်းကို အမှုဖွင့်ထားကြောင်း သိရသည်။



အာဏာသိမ်းအဖွဲ့က နယ်စပ်မှ ဆိုင်ကယ်တင်သွင်းမှုများအား မေလ (၈) ရက်နေ့မှစ၍ ကန့်သတ်လိုက်ပြီးနောက် ဌာနပေါင်းစုံပါဝင်သည့်အဖွဲ့ဖြင့် ကျောက်မဲမြို့အဝင် အိုရီယမ်တယ်ဟိုက်ဝေးတိုးဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။



ယင်းအပြင် ကျောက်မဲမြို့နယ်တွင်းမှ ကျေးရွာများတွင်လည်း လိုင်စင်မဲ့ မော်တော်ယာဥ်၊ ဆိုင်ကယ် စီးနင်းသူများ၊ ရောင်းဝယ်သူများအား အဖွဲ့စုံဖြင့် လိုက်လံရှာဖွေ ဖမ်းဆီးမှုများလုပ်ရန် စီစဉ်နေသည်ဟုလည်း သတင်းများထွက်နေသည်။