သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ  ရွှေလုပ်ငန်းရှင် ကုမ္ပဏီများ လက်နက်  ဝယ်ယူနိုင်ရေး  ကူညီကြရန် သပိတ်ကျင်း PDF က အသိပေး ထုတ်ပြန်

Photo: Thabeikkyin PDF
Photo: Thabeikkyin PDF
သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ  ရွှေလုပ်ငန်းရှင် ကုမ္ပဏီများ လက်နက်  ဝယ်ယူနိုင်ရေး  ကူညီကြရန် သပိတ်ကျင်း PDF က အသိပေး ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့နယ်တွင် လွတ်မြောက်နယ်မြေရရှိရန် ကြိုးပမ်းနေပြီး ရွှေလုပ်ငန်းရှင်ကုမ္ပဏီများ လက်နက်ဝယ်ယူနိုင်ရေး ကူညီကြရန် သပိတ်ကျင်း PDF က ယနေ့ ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူးမြို့နယ်သည် သဘာဝသယံဇာတ ရွှေသတ္တုတူးဖော်ရေးများကို အဓိကထား လုပ်ကိုင်သည့် မြို့နယ်များဖြစ်ပြီး ယင်းမြို့နယ်များတွင် လုပ်ကိုင်နေသော ရွှေလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများ ဖြစ်သည့် မြို့နယ် PDF များကို လက်နက်ဝယ်ယူရေး အကူအညီပေးရန် တောင်းဆိုထားသည်။

၎င်းလုပ်ငန်းရှင်များသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ အခွန်ပေးလုပ်ဆောင်နေသည်ကို သိရှိပြီးဖြစ်ကာ ပြည်သူက တင်မြှောက်ထားခြင်း မရှိသော စစ်ကောင်စီကို အခွန်ပေးထောက်ပံ့နေခြင်းအား လစ်လျူရှုထားခြင်းဖြစ်သည်ဟု ဆိုသည်။

စီးပွားရေးတစ်ခုတည်းသာကြည့်ကာ တော်လှန်ရေးကို နေသာသလိုနေပြီး ရသလိုလုပ်ဆောင်နေကြသော ကုမ္ပဏီများကို မြို့နယ် PDF များ၏ တော်လှန်ရေးတိုက်ပွဲတွင် တတ်အားသ၍ မပါဝင်လာပါက Thabeikkyin PDF  နှင့် Singu PDF အဖွဲ့များ၏ စီးပွားရေးအရ အရေးယူပိတ်ဆို့ အပြစ်ပေးခြင်းများ ရရှိခံစားရမည်ဟုလည်း ထုတ်ပြန် သတိပေးထားသည်။

 #TachileikNewsAgency