ဆောမြို့နယ် နဂါးပွတ်တောင်အနီး လမ်းပြိုကျကာ ကားလမ်းပိတ်နေ

ဆောမြို့နယ် နဂါးပွတ်တောင်အနီး လမ်းပြိုကျကာ ကားလမ်းပိတ်နေ
အောက်တိုဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဆောမြို့နယ်၊ လောင်းရှည်ဒေသ နဂါးပွတ်တောင်အနီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ကစတင်ကာ မြေပြိုကျ နေသဖြင့် ခရီးသည်တင်ယာဉ်များနှင့် ခရီးသွားပြည်သူများ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်းထံမှ သိရသည်။

မြေပြိုကျမှုသည် ယနေ့ အောက်တိုဘာလ (၂၅)ရက်နေ့ထိ ထပ်မံပြိုကျနေခြင်းဖြစ်ပြီး အောက်တိုဘာလ (၂၃)ရက်နေ့က ဆော-ဆိပ်ဖြူလမ်းပိုင်း နဂါးပွတ်နှင့် (၄၄)မိုင်ကြား မြေပြိုကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့် ဂန့်ဂေါခရိုင် အမှတ်(၆)တပ်ရင်းမှ ဦးဆောင်၍ ပြည်သူများပူးပေါင်းကာ လမ်းရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယင်းနေ့ညနေပိုင်းတွင် မြေထပ်မံပြိုကျခဲ့သဖြင့် အောက်တိုဘာလ (၂၄)ရက်နေ့အထိ ရှင်းလင်းခဲ့ရပြီး ရာသီဥတုအခြေအနေကြောင့် မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Laung She Regional People's Defence Force