အသက် (၇၀) ပြည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ်နှင့် ပတ်သက်သော ဂဏန်းများက ထိုင်းထီဝါသနာရှင်များကြား ဟော့ဂဏန်းဖြစ်နေ

အသက် (၇၀) ပြည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ပရာယွတ်နှင့် ပတ်သက်သော ဂဏန်းများက ထိုင်းထီဝါသနာရှင်များကြား ဟော့ဂဏန်းဖြစ်နေ
မတ် 23, 2024 | 2021 Military Coup
By Mr John

 ထိုင်းနိုင်ငံမှ ထီဝါသနာရှင်များကြား ၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့က အသက် (၇၀) ပြည့်သွားသည့် ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာနှင့် ပတ်သက်သော ဂဏန်းများ ရေပန်းစား အကြိုက်များနေသည်ဟု ဆိုသည်။

 ပရာယွတ်နှင့် ပတ်သက်သော ဂဏန်းများကို လာမည့် ၂၀၂၄ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ဖွင့်မည့် ထိုင်းထီအတွက် ထီဝါသနာရှင်များက ကံကောင်းစေသော ထီနံပါတ်များအဖြစ် ရွေးချယ်နေကြသည်။

၁၉၅၄ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် မွေးဖွားခဲ့သည့် ပရာယွတ်က ထိုင်းနိုင်ငံ၏ (၂၉) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ခုနှစ် ဩဂုတ်လ (၂၄) ရက်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၂) ရက်နေ့အထိ စုစုပေါင်း (၈) နှစ်နှင့် (၃၆၃) ရက်ကြာ တာဝန်ယူခဲ့သည်။ 

ထို့နောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ထိုင်းနိုင်ငံ၏ (၁၈) ဦးမြောက် အကြံပေးကောင်စီဝင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ပရာယွတ်၏ အသက် (၇၀) ပြည့် မွေးနေ့နှင့် ၎င်း၏ ထိုင်းနိုင်ငံရေးတွင် သမိုင်းဝင် မှတ်တိုင်များ တိုက်ဆိုင်မှုက ထိုင်းထီဝါသနာရှင်များကြား အကြိုက်များသော ဟော့ဂဏန်းများ   ဖြစ်လာသည်။

ဝန်ကြီးချုပ်ဟောင်း ပရာယွတ်၏ ထိုင်းသက္ကရာဇ် မွေးနှစ်ဖြစ်သော ( ထိုင်းသက္ကရာဇ် ၂၄၉၇)၊ ၎င်း၏ အသက် (၇၀) နှင့် ၎င်း၏ ရာထူး (၂၉) ဦးမြောက် ဝန်ကြီးချုပ်၊ ၎င်း၏ ဝန်ကြီးချုပ်ရာထူး သက်တမ်းနှင့် မကြာသေးမီက အကြံပေးကောင်စီဝင်အဖြစ် ခန့်အပ်ခံရမှုတို့နှင့် ပတ်သက်သော ဂဏန်းများမှာ ၂၀၂၄ ခုနှစ် ဧပြီလ (၁) ရက်နေ့ ဖွင့်မည့် ထိုင်းထီအတွက် လူကြိုက်များသော နံပါတ်များ ဖြစ်နေသည်ဟု ဆိုသည်။

 

Source: The Thaiger