မြဝတီမြို့နယ်အတွင်း (၆)ရက်အကြာ တိုက်ပွဲများ ပြင်းထန် 

Photo: Cobra Column
Photo: Cobra Column
မြဝတီမြို့နယ်အတွင်း (၆)ရက်အကြာ တိုက်ပွဲများ ပြင်းထန် 

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ် ပူးပေါင်း BGF နှင့် KNLA ပူးပေါင်းတပ်များ ၂၀၂၃ခုနှစ် ဧပြီလ(၄)ရက်မှ (၉)ရက်နေ့ အထိတိုက် ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားသေကာ အရှင်ဖမ်းဆီးရမိသူများလည်းရှိခဲ့ကြောင်း Cobra စစ်ကြောင်းထံမှ သိရသည်။



ဧပြီလ (၄)ရက်က စစ်ကောင်စီတပ်စခန်းကုန်းအား သွားရောက်တိုက်ခိုက်ခဲ့ရာ ပူးပေါင်းတပ်ဘက်က ရဲဘော်(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ  BGF (၁)ဦးနှင့် သတင်းပေး (၂)ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဒါ့အပြင် စစ်ကောင်စီဘက်က(၈)ဦးသေပြီး ခလရ(၁၀၂)မှ ကျား  သစ်နက်စစ်ကြောင်းမှ ရဲဘော်(၃)ဦးသည် အဆက်သွယ်မရဘဲတိုက်ပွဲဖြစ်ပွားရာနယ်မြေအတွင်း ပျောက်နေခဲ့ပြီးနောက် ဧပြီလ ၅ ရက်တွင် (၁)ဦးပြန်လာနိုင်ကာ (၂)ဦးမှာ ကျဆုံးခဲ့ကြောင်း သိရသည်။



ဧပြီလ ( ၅ )ရက်နေ့တွင် ဧပြီလ (၄)ရက်က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများအား နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ရာ နင်းမိုင်း (၂)လုံး၊ ၆၀မမ (၁)လုံး၊ ကပစကျည် (၂၀၀)တောင့် အား သိမ်းဆည်းရရှိခဲ့ကြောင်း နှင့် ဧပြီလ ( ၆ )ရက်နေ့တွင် စစ်ကောင်စီတပ်သည် မဲကနယ်ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် အကြိမ်(၂၀)ထက်မနည်း ပစ်ခတ်ခဲ့ရာ ပြည်သူနေအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဧပြီလ ( ၇ )ရက်နေ့တွင်လည်း  စစ်ကောင်စီနှင့် BGF တို့သည် မဲကနယ်ကျေး ရွာအား အင်အားအလုံးအရင်းဖြင့် နေရာ(၃)နေရာမှ စစ်ကြောင်းစစ်ကြောင်းထိုးလာရာ ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား (၆)ဦးသေပြီး ပူးပေါင်းတပ်မှ ရဲဘော် (၄)ဦး ဒဏ်ရာရကာ Drone (၁) စီး ပျက်ကျခဲ့သည်ဟု သိရသည်။

ဧပြီလ (၈)ရက်နေ့တွင် စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ အကြိမ်ရေ (၁၀၀)အထက် ပစ်ခတ်ခဲ့ပြီး အင်အားအလုံးအရင်းဖြင့် မဲကနယ်‌ကျေးရွာအား ထပ်မံစစ်ကြောင်းထိုးလာခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၁)ဦး သေကြောင်းနှင့် ထိုနေ့တွင်ပင် BGF တပ်ဖွဲ့၏ ကျော်စိုးစခန်းအား တိုက်ခိုက်ခဲ့ရာ ပူးပေါင်းတပ်မှ ရဲဘော်(၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်(၁)ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ဧပြီလ (၉)ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးအကြိမ်ရေ (၈၀)ခန့်ပစ်ကူဖြင့် စစ်ကြောင်းထိုးတက်လာရာ ပူးပေါင်းတပ်များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ယင်းနေ့တွင်ပင် BGF တပ်ဖွဲ့ ကျော်စိုးစခန်းကုန်းအား ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၃)ဦးသေပြီး ပူးပေါင်းအဖွဲ့၏ Drone (၁)စီး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် AK (၁)လက်၊ ကျည်ပေါက် (၄)ပေါက်၊ လက် ပစ်ဗုံး(၃)လုံး၊ 40 mm (၂၀)လုံး ၊ 7.62 အတောင့် (၂၀၀)၊ ကာဘိုင်ကျည်အတောင့် (၂၄၀)၊ ၅.၅၆ MA ကျည် အတောင့် (၄၀၀) ၊ AK ကျည် အတောင့် (၂၀၀)၊ ဖုန်း Huawei (၁)လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ(၆) KNU/KNLA၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings ပူးပေါင်းတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။