CDM ဆရာမအား ရိုက်နှက်ဖမ်းဆီးကာ ထောင်တစ်သက်တစ်ကျွန်းချသည့်အမှုတွင် ပါဝင်သူများအား တာဝန်ခံမှုအပြည့်ရှိစေရန် ဆောင်ရွက်မည်ဟု တွန်းဇန် ပအဖ ထုတ်ပြန်

CDM ဆရာမအား ရိုက်နှက်ဖမ်းဆီးကာ ထောင်တစ်သက်တစ်ကျွန်းချသည့်အမှုတွင် ပါဝင်သူများအား တာဝန်ခံမှုအပြည့်ရှိစေရန် ဆောင်ရွက်မည်ဟု တွန်းဇန် ပအဖ ထုတ်ပြန်

ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ CDM ဆရာမတစ်ဦးအား ရိုက်နှက်စစ်ဆေးပြီးနောက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချလိုက်သဖြင့် ပါဝင်ပတ်သက်သူများကို တာဝန်ခံမှုအပြည့်ရှိစေရန် လုပ်ဆောင်သွားမည်ဟု တွန်းဇန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၈)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းခြင်းကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါ၀င်ခဲ့သော တွန်းဇန်မြို့နယ် ပညာရေးဌာနမှ မူလတန်းပြဆရာမ လျာဝုန်ဟွဲကိမ် (၂၃)နှစ်ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် တွန်းဇန်မြို့ရှိ ၎င်း၏အိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ 

ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်သည် မိန်းကလေးတစ်ဦး၏ အိ‌န္ဒြေသိက္ခာကို မငဲ့ကွက်ပဲ နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ရိုက်နှက်စစ်ဆေးကြပြီး မတရားပုဒ်မများဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ (၁၃)ရက်နေ့တွင် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီမှ မတရားပုဒ်မများတပ်ကာ ဖမ်းဆီးထောင်ဒဏ်ချခြင်းကို တွန်းဇန် ပအဖ အနေဖြင့် အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး စစ်အာဏာရှင်၏ အလိုကိုလိုက်ကာ မတရားဖမ်းဆီး စီရင်မှုအတွက် ပတ်သက်ဆောင်ရွက်သောမည်သူမဆို ၎င်းတို့လုပ်ရပ်အတွက် တာ၀န်ခံမှုအပြည့်ရှိ‌စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency