ကွမ်းလုံနှင့် ဟိုလီ‌ဒေသမှ စစ်ဘေးရှောင်များကို ကံမိုင်းဒေသအုပ် ချုပ်ရေးအဖွဲ့က ဆန်များထောက်ပံ့

ပုံအညွှန်း - အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင် ၊ ကံမိုင်းဒေသအုပ်ချုပ်‌ရေးအဖွဲ့မှ စစ်ဘေးဒုက္ခသည်ကို ဆန်ထုတ်ဝေ‌‌ပေးနေစဉ် ၊ Photo: The Kokang
ပုံအညွှန်း - အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင် ၊ ကံမိုင်းဒေသအုပ်ချုပ်‌ရေးအဖွဲ့မှ စစ်ဘေးဒုက္ခသည်ကို ဆန်ထုတ်ဝေ‌‌ပေးနေစဉ် ၊ Photo: The Kokang
ကွမ်းလုံနှင့် ဟိုလီ‌ဒေသမှ စစ်ဘေးရှောင်များကို ကံမိုင်းဒေသအုပ် ချုပ်ရေးအဖွဲ့က ဆန်များထောက်ပံ့
နိုဝင်ဘာ 10, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်‌မြောက်ပိုင်းဒေသအတွင်း ကွမ်းလုံနှင့် ဟိုလီ‌ဒေသတို့တွင် ဖြစ်ပွား နေသည့်တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို  သိန္နီခရိုင်၊ ကံမိုင်းဒေသအုပ်ချုပ်ရေးအဖွဲ့က ဆန်များထောက်ပံ့ပေးခဲ့ကြောင်း The Kokaung က ယနေ့ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို  ကံမိုင်းဒေသအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့က ဆန်များ ထောက်ပံ့ပေးဝေခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိ ကံမိုင်းဒေသသို့ လာရောက်တိမ်းရှောင်နေသောစစ်ဘေးမှာ (၅၂၀)ကျော်ရှိပြီး ဆက်လက်တိုးလာနေကာ ၎င်းတို့သည် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများနေအိမ်တွင် ခိုလှုံနေကြ ရကြောင်း သိရသည်။

ကိုးကန့်ဒေသ စစ်ရေးအခြေအနေကြောင့် နိုဝင်ဘာလ(၈)ရက်နေ့ ညပိုင်းအထိ ကိုးကန့်နယ်စပ်မျဉ်း မိုင်တိုင်(၁၂၅) စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်သူ (၁၇,၇၆၅)ဦးအထိ ရှိလာနေပြီး သောက်သုံးရေ ခက်ခဲနေကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း  လတ်တလောပြင်းထန်သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် အမေရိကန်ဒေါ်လာ  (၁)သန်း  သုံးစွဲကူညီသွားမည်ဟုလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီ UNOCHA က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသေးသည်။

#TachileikNewsAgency