မူတြော်ခရိုင်အတွင်း KNLAနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲ ၄၆ ကြိမ်ဖြစ်

မူတြော်ခရိုင်အတွင်း KNLAနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲ ၄၆ ကြိမ်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်တွင် ၂၀၂၄ ခုနှစ် မေလ(၁၅)ရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း (၄၆)ကြိမ် ဖြစ်ပွားကြောင်း တပ်မဟာ(၅)ထံမှ သိရသည်။

မေလ(၁) ရက်နေ့မှ မေလ(၁၅) ရက်နေ့အထိ KNU တပ်မဟာ(၅) နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၆)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ (၁၇)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားစဥ်တွင်သာမက တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ဂျက်တိုက်လေယာဥ်၊ ဒရုန်းလေယာဥ်နှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ နေ့စဥ်ပြုလုပ်ခဲ့ပြီး ဗုံးသီးနှင့် အမြောက်ဆံများ ကျေးရွာအတွင်းကျကာ နေအိမ်(၁၅)လုံးနှင့် စပါးကျီတစ်လုံး ထိမှန်ပျက်စီသွားသည်ဟု သိရသည်။

#TachileikNewsAgency