မြန်မာစစ်အုပ်စုအတွက် လက်နက်၊ လေယာဥ်ဆီနှင့် နိုင်ငံခြားငွေ ရရှိနေမှုကို ဖြတ်တောက်ပစ်ရမည်ဟု UN လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ထပ်လောင်း ပြောကြား

မြန်မာစစ်အုပ်စုအတွက် လက်နက်၊ လေယာဥ်ဆီနှင့် နိုင်ငံခြားငွေ ရရှိနေမှုကို ဖြတ်တောက်ပစ်ရမည်ဟု UN လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ထပ်လောင်း ပြောကြား
By Mr John

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက ၎င်း၏ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေခြင်းကို တားဆီးရန် ၎င်းအတွက် စစ်လက်နက်၊ ဂျက်တိုက်လေယာဥ်ဆီနှင့် နိုင်ငံခြားငွေ ရရှိမှုများကို ကန့်သတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ပစ်မှတ်ထား အရေးယူမှုများ လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ထပ်လောင်း ပြောကြားလိုက်သည်။

"နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေ အပါအဝင် ပြည်သူအားလုံးအပေါ် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးရေးမှာ ပြန်အာရုံစိုက်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော် ထပ်လောင်း တောင်းဆိုပါတယ်" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ဂျနီဗာမြို့ရှိ လူ့အခွင့်အရေးကောင်စီကို ပြောခဲ့သည်။

ကမ္ဘာ့နိုင်ငံများ အနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်၊ ဂျက်တိုက်လေယာဥ်ဆီနှင့် နိုင်ငံခြားငွေ ရရှိစေမှုများ အဆုံးသတ်သင့်သည်ဟု Volker Turk က ဆိုသည်။ 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ စစ်တပ်က ရွေးကောက်ခံ အစိုးရထံမှ ဥပဒေမဲ့ အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ကသောင်းကနင်း အခြေအနေဆိုက်နေခဲ့သည်။

Source: Reuters