ရေစကြိုမြို့ရှိ ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က ပစ်ခတ်

ရေစကြိုမြို့ရှိ ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်က ပစ်ခတ်
အောက်တိုဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့ရှိ ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ နေ့လယ်ပိုင်းတွင် Myingyan Black Tiger (MBT)တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Myingyan Black Tiger(MBT)တပ်ဖွဲ့သည် ထွေအုပ်ရုံးအနီးသို့ ဝင်ရောက်ကာ (၄၀)မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုမှာ (၅)မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့ကလည်း ရေစကြိုမြို့နယ်ထွေအုပ်ရုံးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိသည်ဟု သိရသည်။

#TachileikNewsAgency