နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ခြေရှိကြောင်း ပူတင်က အနောက်အုပ်စုကို သတိပေးလိုက်သလို ရုရှားက အနောက်အုပ်စု ပစ်မှတ်များကို တိုက်ခိုက်နိုင်ဟု ခြိမ်းခြောက်

နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်ခြေရှိကြောင်း ပူတင်က အနောက်အုပ်စုကို သတိပေးလိုက်သလို ရုရှားက အနောက်အုပ်စု ပစ်မှတ်များကို တိုက်ခိုက်နိုင်ဟု ခြိမ်းခြောက်
ဖေဖော်ဝါရီ 29, 2024 | နိုင်ငံတကာသတင်း
By Mr John

အနောက်အုပ်စု နိုင်ငံများအနေဖြင့် ၎င်းတို့၏ စစ်သားများကို ယူကရိန်းတွင် တိုက်ခိုက်ရန် စေလွှတ်ခဲ့ပါက နျူကလီးယားစစ်ပွဲ အမှန်တကယ် ဖြစ်လာနိုင်ခြေရှိပြီး ရုရှားက အနောက်အုပ်စု ပစ်မှတ်များကို တိုက်ခိုက်နိုင်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့တွင် သတိပေး ခြိမ်းခြောက်လိုက်သည်။

အသက် (၇၁) နှစ်အရွယ် ပူတင်က ရုရှားလွှတ်တော်နှင့် နိုင်ငံ၏ ဩဇာရှိသော အခွင့်ထူးခံ အသိုင်းအဝိုင်းကို မိန့်ခွန်းပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

 ရုရှား၏ ပြည်တွင်းရေးဟု ၎င်းက သတ်မှတ်ထားသော ကိစ္စရပ်တွင် ဝင်ရောက်စွက်ဖက်နေခြင်းက မည်မျှ အန္တရာယ်ရှိကြောင်း အနောက်အုပ်စု ခေါင်းဆောင်များ နားမလည်ကြဟုလည်း ပူတင်က ဆိုသည်။

၂၀၂၄ ခုနှစ် မတ်လ (၁၅) ရက်မှ (၁၇) ရက်အထိ ကျင်းသွားမည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ ပူတင်က မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။ 

ထိုရွေးကောက်ပွဲတွင် နောက်ထပ် (၆) နှစ် သမ္မတသက်တမ်းအတွက် ပူတင် ရွေးကောက်ခံရရန် သေချာနေသည်။ 

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သော ၎င်း၏စစ်ပွဲနှင့် ပတ်သက်၍ အနောက်အုပ်စု နိုင်ငံများကို ပူတင်က ယခင်ကလည်း နျူကလီးယားစစ်ပွဲဖြင့် သတိပေး ခြိမ်းခြောက်ခဲ့ဖူးသည်။

Source: Reuters