ထန်တလန်ရဲစခန်းကို သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် ၅ စီးနှင့် ဗုံးကြဲတိုက်ခိုက်

ထန်တလန်ရဲစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
ထန်တလန်ရဲစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
ထန်တလန်ရဲစခန်းကို သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ် ၅ စီးနှင့် ဗုံးကြဲတိုက်ခိုက်
By Tachileik News Agency

ချင်းပြည်နယ်၊ ထန်တလန်မြို့မရဲစခန်းကို CNA နှင့် CDF တို့က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ပြီးနောက် အလောင်း ၄ လောင်း၊ လက်နက်အလက် ၄၀ ရရှိထားကာ အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရဲနှင့် တပ်သားများ အင်အား ၄၀ ဝန်းကျင်ရှိနေသည့် ထန်တလန်မြို့မရဲစခန်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ ည ၉ နာရီကစတင်ကာ CNF နှင့် CDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ကြရာ ဖေဖော်ဝါရီလ ၉ ရက်၊ နံနက် ၂ နာရီတွင် စခန်းကို စီးနင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"လက်နက်က အလက်ပေါင်း (၄၀) သိမ်းဆည်းနိုင်ခဲ့တယ်ပေါ့။ အလောင်း (၄) လောင်းတွေ့တယ်။ ကျန်တဲ့ စစ်ကောင်စီတပ်သားတွေကတော့ နောက်ဆုတ်သွားကြတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်၊ တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်။"ဟု ချင်းအမျိုးသားတပ်ဦး(CNF)မှ တာဝန်ရှိတစ်ဦးက Tachileik News Agency ကို ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် အတည်ပြုပြောကြားသည်။



လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က တိုက်လေယာဉ် (၅) စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်ဘက်တွင် အထိအ  ခိုက်မရှိဟု သိရသည်။