ရန်ကုန်တွင် ရထားနှစ်စီး တိုက်မိပြီး လမ်းကူးတံတား ကျိုးကျ

ရန်ကုန်တွင် ရထားနှစ်စီး တိုက်မိပြီး လမ်းကူးတံတား ကျိုးကျ
ဖေဖော်ဝါရီ 23, 2024 | ဒေသဆိုင်ရာသတင်းများ

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ရေကျော်တွင် ယနေ့  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းက ရထားနှစ်စီးတိုက်မိကာ လမ်းကူးတံတား ကျိုးကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရထားနှစ်စီး တိုက်မိခြင်းကြောင့် ရထားတွဲများလည်း ပျက်စီးသွားကာ ရေကျော် - လွတ်လပ်ရေး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရထားလမ်းကူး တံတားတစ်စင်းလည်း ကျိုးကျသွားသည်ဟု သိရသည်။

"ရထားနှစ်စင်းတိုက်မိလို့ ရေကျော် ဝတ်ကျောင်းလမ်းနဲ့ ဘင်္ဂါလီစု ကူးတဲ့တံတား ကျိုးသွားတယ်။ လူထိခိုက်တာ ရှိ၊ မရှိတော့ မသိရဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ကုန်တင်ရထားတစ်စီးသည် မီးနီကိုစောင့်နေစဉ် အနောက်မှလာသော ရှန်တိန်ရထားက အရှိန်မထိန်းနိုင်သဖြင့် ဝင်ရောက်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။