မန္တလေးတွင် လူမဲ့သပိတ်ပြုလုပ်ပြီး ဗုံးထောင်ထားရာမှ လာစစ်ချိန် ဗုံးထကွဲ

မန္တလေးတွင် လူမဲ့သပိတ်ပြုလုပ်ပြီး ဗုံးထောင်ထားရာမှ လာစစ်ချိန် ဗုံးထကွဲ
By Tachileik News Agency

မန္တလေးမြို့ MIIT ကျောင်းရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့သပိတ် ပြုလုပ်ပြီး ဗုံးထောင်ထားခဲ့ရာ အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံများက ကားဖြင့် လာရောက်စစ်ဆေးချိန်တွင် ဗုံးကွဲခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ (၇၃)လမ်း၊ ခိုင်ရွှေဝါ နှင့် ငုရွှေဝါလမ်းကြားရှိ MIIT ကျောင်းရှေ့တွင် ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ နံနက်စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့သပိတ်အဖြစ် ပြုလုပ်ပြီး ဗုံးထောင်ထားခဲ့ရာမှ နံနက်(၇)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်၏ စစ်တပ်နှင့်ရဲတို့က အရပ်ဝတ်များဖြင့် လာရောက်စစ်ဆေးချိန်တွင် ဗုံးထကွဲခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ယနေ့ တစ်နေ့တည်း မြဝတီဘဏ်၊ ပညာရေးမှူးရုံး၊ ယာဉ်ထိန်းရဲရုံး၊ လဝကရုံး စသည့်နေရာတော်တော်များများတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့နယ်တွင်း လူမဲ့သပိတ်များ ပြုလုပ်ထားရှိပါက အနီးအနားသို့ ပြည်သူများအနေဖြင့် သွားရောက်ခြင်း၊ ကိုင်ကြည့်ခြင်းများ မပြုလုပ်ရန်လည်း ဒေသကာကွယ်ရေးအဖွဲ့များက အသိပေးထားရှိသည်။