တောင်ကြီးမြို့တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဝါဒဖြန့်စာရွက်များ စစ်ကောင်စီတပ်က အင်အားအပြည့်ဖြင့် ဖြန့်ဝေ

တောင်ကြီးမြို့တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဝါဒဖြန့်စာရွက်များ စစ်ကောင်စီတပ်က အင်အားအပြည့်ဖြင့် ဖြန့်ဝေ
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ဝါဒဖြန့်စာရွက်များကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ပြည်သူများထံဝေနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လမ်းသွား၊ လမ်းလာ ဆိုင်ကယ်၊ ကားများကို တားဆီး၍ ဖြန့်ဝေခြင်း၊ ဈေးများအတွင်း လိုက်လံဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ခိုလန်မြို့တွင်လည်း စစ်ကောင်စီတပ်က ပြည်သူများအား  လိုက်လံဖြန့်ဝေနေသည်။

စစ်ကောင်စီသည် စစ်မှုထမ်းရန် ဝါဒဖြန့်စာရွက်များကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မန္တလေးတိုင်း၊ မန္တလေးမြို့၊ ပဲခူးတိုင်း၊ ပဲခူးမြို့နှင့် နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးနီးပါးတွင် ဖြန့်ဝေ‌နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် စစ်မှုထမ်းရေးဥပဒေကို ထုတ်ပြန်လာပြီး ဧပြီလကုန်ပါက အသက်သွင်းမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

#TachileikNewsAgency