မြင်းခြံ-တောင်သာကြားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

မြင်းခြံ-တောင်သာကြားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်
အောက်တိုဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မြင်းခြံ-တောင်သာကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ တောင်ရှေ့တိုးဂိတ်၌ တပ်စွဲပြီး ဂိတ်ချစစ်ဆေးနေသော စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း မိထ္တီလာခရိုင်တပ်ရင်း (၂)ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့အင်အား(၂၀)နှင့် ရဲ(၁၀)ဦးတို့ တပ်စွဲထားသည့် အဆိုပါနေရာကို တော်လှန်ရေးတပ်များက ဒရုန်းများ၊ Sharr Htoo Wow နည်းပညာ Fixed-wingsများဖြင့် မြေပြင်နှင့် ဝေဟင်တို့မှ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး တောင်သာဘက်မှ ကား(၄)စီး အင်အား(၂၀)ဝန်းကျင်ဖြင့် စစ်ကူထပ်မံရောက်ရှိလာရာ မိုင်းဆွဲခြင်း အပါအဝင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း(၃) တပ်ခွဲ(၁) မြေလတ် PDF၊ မြင်းခြံခရိုင် တပ်ရင်း(၈)၊ မြင်းခြံခရိုင် တပ်ရင်း(၄)၊ မြင်းခြံခရိုင် တပ်ရင်း(၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၄)၊ မိထ္တီလာခရိုင် တပ်ရင်း (၂)၊နွားထိုးကြီးမြို့နယ် ပကဖတို့နှင့်အတူ မိတ္ထီလာခရိုင်တပ်ရင်း (၃)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency