ကျပ်သိန်း(၅၀၀)ထက် မပိုသည့် တရားမမှုများကို ခရိုင်တရားရုံးက စီရင်ပိုင်ခွင့်မရှိတော့ဘဲ မြို့နယ်တရားရုံးကသာ စီရင်ပိုင်ခွင့်ရှိတော့မည်

ကျပ်သိန်း(၅၀၀)ထက် မပိုသည့် တရားမမှုများကို ခရိုင်တရားရုံးက စီရင်ပိုင်ခွင့်မရှိတော့ဘဲ မြို့နယ်တရားရုံးကသာ စီရင်ပိုင်ခွင့်ရှိတော့မည်
ဖေဖော်ဝါရီ 14, 2024 | အခြားဒေသများ

ကျပ်သိန်း(၅၀၀)ထက် မပိုသည့် တရားမမှုများကို ခရိုင်တရားရုံးသို့ လွှဲပြောင်း စရာမလိုတော့ဘဲ မြို့နယ်အဆင့်ဖြစ်သည့် မြို့နယ်တရားသူကြီး နှင့် တွဲဖက်မြို့နယ်တရားသူကြီးတို့ကသာ ဆင်ခြင်ထုံတရားဖြင့် စီရင်ပိုင်ခွင့်ရှိကြောင်း အာဏာကို စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ရက်စွဲဖြင့် အပ်နှင်းလိုက်ကြောင်း သိရသည်။

မြို့နယ်တရားသူကြီး နှင့် တွဲဖက်မြို့နယ်တရားသူကြီးတို့အနေဖြင့် ကျပ်သိန်း(၅၀၀)ထက် မပိုသည့် တရားမမှုများကို စီရင်ပိုင်ခွင့်ရှိမည်ဖြစ်သလို ကျပ်သိန်း(၂၀၀)ထက် မပိုသည့် တရားမမှုများကို ဒုတိယမြို့နယ်တရားသူကြီးက စီရင်ပိုင်ခွင့်ရှိကြောင်း သိရသည်။

ယခုလို အာဏာအပ်နှင်းသည့် အမိန့်ကြေငြာစာကို  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ တွင် ကြေညာထားသော်လည်း ၂၀၂၄ခုနှစ် ဧပြီလ(၁)ရက်နေ့မှသာ အကျိုးသက်ရောက်မည်ဖြစ်၍ လက်ရှိ စွဲဆို စစ်ဆေး စီရင်လျက်ရှိသည့် တရားမမှုများကို ခရိုင်တရားရုံးကသာ ဆက်လက် စစ်ဆေးစီရင်သွားရမည်ဖြစ်ပြီး ဧပြီလ(၁)ရက်နေ့ အပြီး ကျပ်သိန်း(၅၀၀)ထက် မပိုသည့် တရားမမှုများကို ခရိုင်ရုံးက မြို့နယ်သို့ ပြန်လွှဲပေးရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။