မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ဒေသကာကွယ်ရေးအဖွဲ့များက ဝေဝေဆာဆာ မိုင်းပဒေသာများဖြင့် တိုက်ခိုက်

မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို ဒေသကာကွယ်ရေးအဖွဲ့များက ဝေဝေဆာဆာ မိုင်းပဒေသာများဖြင့် တိုက်ခိုက်

 စစ်ကိုင်းတိုင်း၊ မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းတွင် ယနေ့ ဧပြီလ (၁)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပဒေသာမိုင်း (၈) လုံး၊ တိုက်မိုင်း၊ ရှော့တိုက်လက်နက်ကြီးတို့ဖြင့် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကနီ PDF က သတင်းထုတ်ပြန်လာသည်။

အဆိုပါ လမ်းပိုင်းပေါ် မိုင်တိုင်အမှတ် (၆၇)မှ ကနီမြို့နယ်၊ လာပို့ဒေသသို့ စစ်လက်နက်များ တင်ဆောင်လာသည့် စစ်ကား(၄)စီးပါ ယာဉ်တန်းအတွက် အရှေ့မှ ခြေလျင်တက်လာသည့် အင်အား (၈၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို နံနက်(၇)နာရီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၁၀)ဦး ဝန်းကျင်သေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတိုက်ခိုက်မှုကို ကနီတပ်ရင်း(၂)၊ B.21 KANI- PDF ၊ မင်းကင်းတပ်ရင်း(၂)၊ တပ်ခွဲ(၂)နှင့် ၊ ဒီပဲယင်းတပ်ရင်း (၃)တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် နံနက်(၉)နာရီဝန်းကျင်တွင် လက်နက်ကြီးများပစ်ခတ်၍ ဆက်လက်ထွက်ခွာလာသော အာဏာသိမ်းစစ်ကောင်စီတပ်ကို မိုင်တိုင် (၆၆) အရောက်တွင် KPDF (2) ကနီတပ်ရင်း (၂)၊ B.21 KANI- PDF ၊ မင်းကင်းတပ်ရင်း (၂)၊ တပ်ခွဲ(၂)နှင့် ၊ ဒီပဲယင်းတပ်ရင်း (၃) - ညီနောင်ပူးပေါင်းအဖွဲ့တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ကြာပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့သည် မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းမိုင်တိုင် (၆၄)တွင် ညအိပ်ရပ်နားပြီး အနီးရှိ နေအိမ်(၃)လုံးအား မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။