ဒီပဲယင်းမြို့နယ်အတွင်း ကြည်ရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီး စစ်ဆေး နှိပ်စက်ပြီး အခြားရွာသို့ ဆက်လက်ထွက်သွား

ဒီပဲယင်းမြို့နယ်အတွင်း ကြည်ရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီး စစ်ဆေး နှိပ်စက်ပြီး အခြားရွာသို့ ဆက်လက်ထွက်သွား
ဇန်နဝါရီ 18, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာတွင် နှစ်ရက်ကြာ တပ်စွဲသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီး စစ်ဆေး နှိပ်စက်ကာ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ပြည်သူတချို့ကို ဖမ်းဆီး စစ်ဆေး နှိပ်စက်ခဲ့ပြီး နေအိမ်များအတွင်း ဝင်ရောက်ကာ မွှေနှောက်ရှာဖွေသွားကြသည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ(၁၈)ရက်တွင်   ကြည်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဆပ်ပြာကျင်း၊ အင်ဘုတ်၊ တောတိုက်‌ကျေးရွာများဘက်သို့ ထွက်သွားပြီဟု သိရသည်။

 အကြမ်းဖက်စစ်ကောင်စီ တပ်များသည် ကြည်ရွာမြောက်ပိုင်း ယွန်းကျောင်းတိုက်အတွင်း ဇန်နဝါရီလ(၁၆)ရက်က ၀င်ရောက်တပ်စွဲခဲ့ပြီး ရွာထဲတွင် ကင်းပုံးများချထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျောင်း၀န်းအတွင်းမှ အနောက်ဘက်ရှိ တောအတွင်းသို ရမ်းသန်း ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။