တမူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကူနှင့် လက်နက်ခဲယမ်း ထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်

တမူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကူနှင့် လက်နက်ခဲယမ်း ထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် သိမ်းပိုက်
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကူနှင့် လက်နက်ခဲယမ်း ထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်းကြီးဌာနက သတင်းထုတ်ပြန်သည်။

အောင်ဇေယျစစ်တပ်စခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ် အမှတ်(၈၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များထံသို့ ဟုမ္မလင်းမြို့ရှိ စစ်ကောင်စီတပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများပေးပို့သည့် လက်နက်ပို့ယာဉ်ကို အမှတ် (၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



 

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အလောင်း (၄)လောင်း၊ ပစ္စတို (၂)လက်၊ စက်သေနတ် (၃)လက်၊ လက်နက်ငယ် (၇)လက်၊ RPG ဗုံးသီး (၁၂)လုံး၊ ၇.၆၂ ကျည် (၄,၇၀၀)တောင့်၊  ၅.၅၆ ကျည် (၁၁,၉၀၀)တောင့်၊ ကာဘိုင်ကျည် (၉၈၀)တောင့်နှင့် သုံးမျိုးကျည် (၁၇၀)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: MOD NUG