စစ်ကောင်စီက ရဲမှူးကြီးများကို တိုင်းနှင့်ပြည်နယ်များ၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေရာကနေ  ဖယ်ရှားလိုက်ပြီး စစ်တပ်မှ အရာရှိများဖြင့် အစားထိုး

စစ်ကောင်စီက ရဲမှူးကြီးများကို တိုင်းနှင့်ပြည်နယ်များ၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေရာကနေ  ဖယ်ရှားလိုက်ပြီး စစ်တပ်မှ အရာရှိများဖြင့် အစားထိုး
ဖေဖော်ဝါရီ 10, 2024 | 2021 Military Coup

 နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အာဏာသိမ်းစစ်ကောင်စီက လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများအဖြစ် တိုင်းနှင့်ပြည်နယ်ရဲတပ်ဖွဲ့မှူးများဖြစ်သည့် ရဲမှူးကြီးများကို ၂၀၂၁ခုနှစ်ကတည်းက တာဝန်ပေးထားရာမှ နိုင်ငံ့အာဏာသိမ်းထားသည့် (၃)နှစ်ပြည့်ပြီး မကြာမီတွင် ရဲမှူးကြီးများကို ဝန်ကြီးနေရာကနေ ဖယ်ရှားလိုက်ပြီး စစ်တပ်က အရာရှိများကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အစားထိုးလိုက်သည်။

နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၄)ခု၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင်းက တိုင်းနှင့်ပြည်နယ်များ၏ ရဲတပ်ဖွဲ့မှူးများဖြစ်သည့် ရဲမှူးကြီးများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများအဖြစ် ဝန်ကြီးတစ်နေရာစာ ပေးထားခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် ရဲမှူးကြီးများကို ဝန်ကြီးနေရာကနေ ဖယ်ရှားပြီး စစ်တပ်မှ အရာရှိများကို အစားထိုးရာတွင် ၂၀၂၅ခုနှစ်တုန်းက ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားအလှယ် အများအပြားမှာ အဆိုပါ ဝန်ကြီးနေရာများတွင် ပါဝင်လာသည်ကို တွေ့ရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် စစ်ကောင်စီက နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနေရာ နှင့် လူမှုရေးရာဝန်ကြီးများနေရာကို အပြောင်းအလဲများ ပြုလုပ်လာသည်။