ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးချမ်းမြေ့အောင် စီးနင်းလာသည့်ကားကို တော်လှန်ရေးတပ်များ ပစ်ခတ်

ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးချမ်းမြေ့အောင် စီးနင်းလာသည့်ကားကို တော်လှန်ရေးတပ်များ ပစ်ခတ်
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးချမ်းမြေ့အောင် စီးနင်းလာသည့်ကားကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  

ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးချမ်းမြေ့အောင် စီးနင်းလာသည့် အိမ်စီးကားသည် ခလရ(၂၅၈)မှ အပြန် ရေစကြိုမြို့နယ်အဝင် ဆိုင်းဘုတ်အနီး မြို့အထွက်တွင် စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးချမ်းမြေ့အောင်ပါ (၃)ဦးသေပြီး ကားမောင်းသူမှာ မသေဘဲ ရဲစခန်းရှေ့အထိ မောင်းနှင်သွားနိုင်ခဲ့သဖြင့် လက်နက်ခဲယမ်းများ မရရှိခဲ့ဟု ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးချမ်းမြေ့အောင် သေဆုံးမှုရှိ၊ မရှိကိုမူ Tachileik News Agency အနေဖြင့် အတည်မပြုနိုင်ပါ။

#TachileikNewsAgency