တာချီလိတ်တွင် အလုပ်သွားသည့် အမျိုးသမီးတစ်ဦး ဓါးထောက်ခြိမ်းခြောက်၍ ဆိုင်ကယ်လုယူခံရ

တာချီလိတ်တွင် အလုပ်သွားသည့် အမျိုးသမီးတစ်ဦး ဓါးထောက်ခြိမ်းခြောက်၍ ဆိုင်ကယ်လုယူခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၃ ခုနှစ် ဇွန်လ (၁၈)ရက်နေ့ နံနက်ပိုင်းက အလုပ်သွားသည့် အမျိုးသမီးတစ်ဦးကို လူ (၃)ဦးအဖွဲ့က ဓါးထောက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသွားကြောင်း သိရသည်။

"ဆိုင်ကယ်က အရစ်ကျ တစ်နှစ်ငွေချေနဲ့ ဝယ်ထားတာ။ လုပ်အားခနဲ့ ဆိုင်ကယ်ဖိုးပေးနေရတာ ဆိုင်ကယ်ဖိုးတောင် မကျေသေးဘူး။ မိသားစု သွားလာစရာလည်း မရှိတော့ဘူး"ဟု ဆိုင်ကယ်လုယူခံလိုက်ရသူနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါအမျိုးသမီးသည် နံနက် (၆)နာရီခွဲအချိန်တွင် အလုပ်လုပ်ရာ ဝမ်ကောင်းဈေးသို့သွားစဉ် ဆေးရုံဘေးလမ်းရှိ ဖူဆယ်ဘောလုံးကွင်းအနီးတွင် အမျိုးသား (၃)ဦးအဖွဲ့က လမ်းပိတ်တားဆီးပြီး ဓါးထောက်၍ ဆိုင်ကယ်လုသွားခြင်းဖြစ်သည်ဟု သိရသည်။

လုယုခံရသည့်ဆိုင်ကယ်မှာ  Honda Wave 125cc (2022) အမည်းနှင့် အနီရောင်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူမှုအပြင် ဆိုင်ကယ်လုယူခံရမှုများပါ ဖြစ်ပွားမှုများပြားလာနေသည်ကို တွေ့ရသည်။

#TachileikNewsAgency