ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ကလေးများ စာသင်နေသည့်ကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲရာ ကလေး ၄ ဦးသေဆုံး ၁၀ ဦးကျော် ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ကလေးများ စာသင်နေသည့်ကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲရာ ကလေး ၄ ဦးသေဆုံး ၁၀ ဦးကျော် ဒဏ်ရာရ
ဖေဖော်ဝါရီ 5, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်ကလေးများ စာသင်ကြားနေသည့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက လေကြောင်းမှ ဗုံးကြဲရာ ကလေးငယ် (၄)ဦးသေဆုံးပြီး (၁၀)ဦးကျော် ဒဏ်ရာရကြောင်း သိရသည်။

ယနေ့ နံနက် (၁၀)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ စစ်ရေးပစ်မှတ်မဟုတ်သော စစ်ဘေးရှောင် ကလေးများနှင့် ရွာခံကလေးများ စာသင်ကြားနေသည့် စာသင်ကျောင်းကို (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် (၁၁)နှစ်မှ (၁၃)အရွယ်ရှိ ကလေး ကျား(၄)ဦး သေဆုံးခဲ့ရပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းများ ဖော်ပြနေသည့် JOBS For Kayahက ဖော်ပြထားသည်။

#TachileikNewsAgency

Photo: JOBS For Kayah